(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့ရာ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြသခဲ့ရာ ကုန်စည် ပြခန်း ၈၄ ခန်းတွင် မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင် ၂၀ဝ ကျော်က ကျောက်မျက်ရတနာများ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများနှင့် ြှနျြ ထုတ်ကုန်များ ပါဝင်ပြသခဲ့ သည်။
ယခုနှစ်ကုန်စည်ပြပွဲ၏ မြန်မာနိုင်ငံ ကိုယ်စား ပြု နှစ်လိုဖွယ်ရာမြို့အဖြစ် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့၏ ယဉ်ကျေးမှု၊ ခရီးသွားလာမှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာများကို မိတ်ဆက်ပြသခဲ့ပြီး နှစ်လို ဖွယ်ရာမြို့ ဏမသာသအငသည ဃသည်နမနညခန ကိုလည်း ကျင်းပ ပြုလုပ်ခဲ့သည်။
ပြပွဲကာလအတွင်း မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ တစ် ဘီလီယံတန်ဖိုးရှိ ပဲမျိုးစုံ ရောင်းဝယ်ရေး၊ ဆန်ကွဲ ရောင်းဝယ်ရေးနှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရာ သဘောတူညီချက် ၁၁ စောင်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ နျြအ ှုညိကျအမပ ဥမါညေငဖနမ ဆု၊ နျြအ ဥမါညေငဖနမ ်သမ ဥညူငညန ဃဗနဌဏဥ ဆု၊ နျြအ ြအေငသညေူ စလေငူငသည ဆုနှင့် နျြအ နထ့ငဘငအသမ ဥမါညေငဖနမ ဆုတို့ကို ရရှိခဲ့သည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကုန်သည်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပရေးကော်မတီက စိစစ်ရွေးချယ်၍ ဆုတံဆိပ် များ ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ထင်ပေါ်ကျော်ကြားမှု တံဆိပ် တစ်ခုနှင့် လက်ရာအကောင်းဆုံး ဆုတံဆိပ်နှစ်ခုရရှိ ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန် စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ (ဃသကညအမပ သ် ံသညသမ)အဖြစ် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Background