Main menu

Background

ပြည်တွင်းသုံးငွေများဖြင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး နည်းလမ်းများကို အိန္ဒိယနှင့် မြန်မာ ဆွေးနွေးခဲ့

Mon, 10/07/2024 - 15:58 -- journal_editor

အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေဖြစ်သော ရူပီးနှင့် ကျပ်တို့မှတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး နည်းလမ်းများကို စက်တင်ဘာ ၂၁ ရက် လာအိုနိုင်ငံ ဗီယင် ကျန်းမြို့၌ ကျင်းပသော (၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပ၌ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goya နှင့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် တို့ တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဲအမျိုးမျိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ကားအစရှိသော နယ်ပယ်များမှ အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့ပြီး ရူပီး-ကျပ် ငွေယန္တရားမှတစ်ဆင့် နှစ် နိုင်ငံအကြား  ကုန်သွယ်မှုမြှင့်တင်ရေးနည်းလမ်းများကို ဆွေး နွေးခဲ့ကြောင်းGoyal က ဆိုရှယ်မီဒီယာပလက်ဖောင်း Xတွင် ရေးသားခဲ့သည်။ 
အိန္ဒိယ-မြန်မာ  နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံရှိခဲ့ သည်။ ထိုကဲ့သို့ ပြည်တွင်း သုံးငွေကြေးဖြင့် ရောင်းဝယ်ခြင်း သည် ငွေကြေးအား နှစ်ဆင့်ပြောင်းရန် လိုအပ်မှုကိုဖယ်ရှား ခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ အိန္ဒိယ ၏ မြန်မာနိုင်ငံသို့ တင်ပို့မှု မှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကန် ဒေါ်လာ ၈၀၇ သန်းမှ ၂၀၂၃-၂၀၂၄ တွင် ကန်ဒေါ်လာ ၆၇၀ ဒသမ ၄ သန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း သွင်း ကုန်ပမာဏသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၅၄ ဒသမ ၇၄ သန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ဝ၇ ဘီလီယံအထိ တိုးမြင့်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် မတ်ပဲကဲ့သို့သော ပဲမျိုးစုံကို ပြည် တွင်းဝယ်လိုအား  ဖြည့်ဆည်းပေးရန် ဝယ်ယူတင်သွင်းလျက် ရှိသည်။
ဧပြီလတွင် အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင် သွင်းသည့် ကုန်သည်များအတွက် ငွေပေးချေမှု ယန္တရားအား ရိုးရှင်းလွယ်ကူစေရန် ဖြေလျှော့ပေးခဲ့သည်။ ပန်ဂျပ်အမျိုးသား  ဘဏ်မှတစ်ဆင့်Special Rupee Vostro Account (SRVA)  ကို အသုံးပြုရန် ရူပီး/ ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အသုံးပြုရန် တင်သွင်းသူများကို တောင်းဆိုထားကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်SRVA လက် အောက်ရှိ ငွေပေးချေမှုလုပ်ငန်းစဉ်များအတွက် လမ်းညွှန် ချက်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။
Source : khmertimeskh 

 

DOCA YGN