Main menu

Background

တရုတ်စမတ်ဖုန်းဈေးကွက် ပထမသုံးလပတ်တွင် ကျဆင်း

Thu, 05/21/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

တရုတ်နိုင်ငံရဲ့   စမတ်ဖုန်းဈေး ကွက်ဟာ    အနည်ထိုင်စပြုလာတဲ့ အခြေအနေကိုရောက်ရှိလာတဲ့အတွက် အက်ပဲနဲ့   ဆမ်ဆောင်းတို့အပါအဝင် စမတ်ဖုန်းထုတ်လုပ်ရေး   ကုမ္ပဏီကြီး တွေ ဦးဆောင်တဲ့ ကမ္ဘာ့ဟန်းဆက်လုပ် ငန်းတွေအတွက် ထူးခြားတဲ့အသွင်ကို ဆောင်လာကြောင်းဲ့IDC ကထုတ်ပြန် တဲ့လေ့လာချက်အသစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၅ ခုနှစ် ပထမသုံးလပတ်မှာ တရုတ်နိုင်ငံရဲ့     စမတ်ဖုန်းတင်ပို့မှုက ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ကျဆင်းခဲ့ပြီး ၉၈ ဒသမ ၈ သန်း ထိရောက်ရှိကာ ယခင်နှစ်နဲ့ နှိုင်းယှဉ် ပါက ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း မေ ၁၁ ရက်က ထုတ်ပြန်တဲ့IDC   ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ သုံးစွဲသူဦးရေမြင့်တက် လာတဲ့အတွက်    မကြာသေးမီနှစ်များ အတွင်းစမတ်ဖုန်းဝယ်လိုအားမြင့်တက် လာပြီး  iPhone  ကိုစတင်ရောင်းချခဲ့တဲ့ အက်ပဲဟာ   ပထမသုံးလပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံအထိရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကမှ ဈေးကွက်အတွင်းစတင် ဝင်ရောက်ခဲ့တဲ့   Xiaomi   ကဒေါ်လာ ၄၆ ဘီလီယံထိရောင်းချခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုကို   ကျော် တက်ပြီး ကမ္ဘာ့အကြီးမားဆုံးစမတ်ဖုန်း ဈေးကွက်ကြီးဖြစ်လာပါတယ်။ ဒါပေ မယ့်  နှေးကွေးကျဆင်းမှုကိုပြသလာတဲ့IDCရဲ့ကိန်းဂဏန်း  အချက်အလက် တွေကြောင့် စမတ်ဖုန်းလုပ်ငန်းဖွံ့ဖြိုးမှု အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါ တယ်။   ဖန်သားပြင်  ကျယ်ဝန်းတဲ့ iPhone 6   ကို စတင်ရောင်းချပြီးနောက် ကျဆင်း လျက်ရှိနေတဲ့ တရုတ်ဈေးကွက် ထဲမှာ   အက်ပဲအခြေအနေကို  ပြန် လည်ထိန်းသိမ်းခဲ့ရာ ဈေးကွက်ရှယ်ယာ ၁၄ ဒသမ ၇ ရာခိုင်နှုန်းအထိ  ရရှိပြီး ဈေးကွက်ဝေစု ၁၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိတဲ့ ဟွာဝေးနဲ့ ၁၁ ဒသမ ၄ ရာခိုင် နှုန်းရရှိထားတဲ့   Xiaomi  တို့ထက် သာလွန်လာတာကို    တွေ့ရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဦးဆောင်နေတဲ့ ဆမ်ဆောင်းက ဈေးကွက်ဝေစု ၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရရှိခဲ့ပါ တယ်။