Main menu

Background

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ်များအား တရုတ်နှင့် အမေရိကန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို

Thu, 11/16/2017 - 14:24 -- journal_editor

        အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိသည့်အချိန်အတွင်း တရုတ် နှင့်အမေရိကန်တို့မှ ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ် များအား လက်မှတ်ရေးထိုးချုပ် ဆိုခဲ့ရာ ချုပ်ဆိုခဲ့သည့် စာချုပ်စုစုပေါင်းတန်ဖိုး  မှာ အမေရိကန်ဒေါ်လာ  ဘီလီယံ ၂၅၀ ရှိကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြခဲ့သည်။
        အဆိုပါ စာချုပ်ချုပ်ဆိုပွဲကို နိုဝင် ဘာလ ၉ ရက်က တရုတ်သမ္မတရှီကျင့် ပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့၏ ရှေ့မှောက်တွင် ချုပ်ဆိုခဲ့ ကြပြီးနောက်   သမ္မတရှီကျင့်ပင်က စာချုပ်ချုပ်ဆိုခဲ့သည့် ပမာဏကို ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်နှင့် အမေရိကန်နိုင်ငံတို့ သည် စီးပွားရေးနှင့် ကုန်သွယ်ရေးပူး ပေါင်းဆောင်ရွက်မှုများတွင်  အပြန် အလှန်ရှိပြီး   ကြီးမားသောအလား အလာကောင်းများကို ပိုင်ဆိုင်ထား သည်ဟု ဆိုသည်။
      အဆိုပါစာချုပ်များတွင် ဘိုးအင်း လေယာဉ်များ ဝယ်ယူရေး အပါအဝင် အမေရိကန်ပဲပုပ်ဝယ်ယူရေးနှင့် အလာ စကာမှ သဘာဝဓာတ်ငွေ့ရည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ  ပါဝင် သည် ဟု ဆို သည်။ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖွံ့ဖြိုး ဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတစ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးတွင်ယှဉ်ပြိုင်ခြင်းထက် ပိုမိုကောင်းမွန်သောပူးေ ပါင်း ဆောင်ရွက်မှုများကိုလုပ်ဆောင်သွား မည်ဖြစ်ကြောင်း  နှစ်နိုင်ငံစလုံးမှ  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ စဉ် သမ္မတရှီကျင့်ပင်က ပြောကြားခဲ့ သည်။ကျွန်တော်တို့  အမေရိကန်နိုင်ငံ က လယ်ယာထွက်ကုန်တွေနဲ့ စွမ်းအင် တွေကို တင်သွင်းဖို့ စိတ်အားထက်သန် လျက်ရှိပါတယ်။   ဒါဟာ နက်ရှိုင်းတဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခုပဲဖြစ်ပါတယ်။  အမေရိကန်နိုင်ငံ အနေနဲ့လည်း တရုတ်နိုင်ငံသို့ နည်း ပညာဆိုင်ရာ ထုတ်ကုန်တွေကို တိုး တက်တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။တရုတ်ရင်းနှီးမြှုပ်နှံသူတွေကိုလည်း အမေရိကန်နိုင်ငံမှာ  သွား ရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ အားပေးတိုက်တွန်းသွားမှာ  ဖြစ်ပါ တယ်။ ဒါ့အပြင် ရပ်ဝန်းတစ်ခု လမ်း ကြောင်း တစ်ခု အစီအစဉ်တွင် ပါဝင် ပေးဖို့နဲ့  အမေရိကန်ကုမ္ပဏီများကို လည်းကြိုဆိုပါတယ်ဟု ရှီက ပြော ကြားခဲ့သည်။
   တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ  တို့သည်    သံတမန်အဆက်အသွယ် စတင်ပြုလုပ်သည့်    ၁၉၇၉ ခုနှစ်မှ စတင်ကာ  ကုန်သွယ်မှုပြုလုပ်ခဲ့ကြရာ ယင်းနှစ်က   ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိခဲ့သည်။
    ၂၀၁၆ ခုနှစ်က နှစ်နိုင်ငံကုန်သွယ် မှုပမာဏသည်  အမေရိကန်ဒေါ်လာ ၅၁၉ ဒသမ ၆ ဘီလီယံရှိခဲ့သည်။ လွန် ခဲ့သည့် ဆယ်စုနှစ်ကျော်က အမေရိ ကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင် ပို့မှုသည် နှစ်စဉ် ၁၁ ရာခိုင်နှုန်း တိုး တက်လာခဲ့သော်လည်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ နှစ်စဉ် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ တိုး တက်ခဲ့သည်။
   တရုတ်နိုင်ငံသည် အမေရိကန် နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်  နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အမေရိ ကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ဒုတိယ အကြီးဆုံးသော  ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်လျက်ရှိသည်။

 

မယ်သီတာ စုစည်းတင်ပြသည်၊