ထိုင်းနိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်နှင့် တိုင်းပြည်ဝင် ငွေကို အလယ်အလတ်အဆင့်မှထပ်မံတိုးတက်အောင်ဆောင် ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများမှ လွတ်မြောက်စေ ရန်အတွက် ထိုင်းနိုင်ငံသည် လုပ်သား ၁၃ သန်း ကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပေးရန်လိုကြောင်း ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ထိုင်းနိုင်ငံက စက်မှုလုပ်ငန်းတိုးတက်မှု စတုအဆင့် သို့ရောက်ရှိရန် တက်လှမ်းနေချိန်တွင် လုပ်သားအင်အားကိုအဆင့်မြှင့်တင်ရေးမှာအဓိကကျသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ''ထိုင်းနိုင်ငံကို ဒီဇိုင်းပြန်လည်ရေးဆွဲခြင်း'' (Re-Design Thailand) ခေါင်းစဉ်ဖြင့် သမ္မာဆက်တက္ကသိုလ်ဘောဂဗေဒ ဌာနကပြု လုပ်သော နှီးနှောဖလှယ်ပွဲတွင် စီးပွား ရေး ပါမောက္ခ ကီယာတာနန် သာလောင်ကာယူးကပြောသည်။ထိုင်းနိုင်ငံရှိ ကျွမ်းကျင်လုပ်သားအချိုးအစားမှာ စုစု ပေါင်း လုပ်သားအင်အား၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်းသာရှိ ကြောင်း ၂၀၁၆ ခုနှစ် လူသားအရင်း အမြစ်အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါအချိုးအစားမှာ စင်ကာပူ၊ ဆွီဒင်၊ဖင်လန်နှင့် ဂျာမနီတို့ကဲ့သို့သော စက်မှုလုပ်ငန်းတိုးတက်မှုစတုတ္ထအဆင့်သို့ တက်လှမ်းလျက်ရှိသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာနိမ့်ကျလျက်ရှိသည်။ အဆိုပါနိုင်ငံ များ၏ကျွမ်းကျင်လုပ်သားအချိုးမှာ ၄၅ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်းပါမောက္ခကပြောသည်။အစီရင်ခံစာအရထိုင်းနိုင်ငံ၏လုပ်သား ၁၂ ဒသမ ၈၁ သန်းကို ကျွမ်းကျင် လုပ်သားများအဖြစ်ပြောင်းလဲရန်လိုကြောင်းသိရသည်။ကျွမ်းကျင်လုပ်သားများပိုမိုမွေးထုတ်ပေး နိုင်ရေးအတွက် ထိုင်းနိုင်ငံက အသက်မွေးဝမ်းကျောင်း ပညာ ရေး ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း အရေ အတွက်သာမကအရည်အသွေးပါ မြှင့်တင်ရန်လိုကြောင်းသူကပြောသည်။ထို့ကြောင့် အချို့အသက်မွေးဝမ်းကျောင်းကောလိပ်များမှ မိမိကျောင်းသားများကို စက်ရုံများနှင့် တွဲဖက်၍လေ့ကျင့်ပေးနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ ဆောင်ရွက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန်လိုကြောင်း သူကပြောသည်။
ဉာဏ်တင်စုစည်းတင်ပြသည်