Main menu

Background

ဂျပန်နိုင်ငံAIO Co.,Ltd ကမြန်မာနိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ဟင်းသီးဟင်းရွက်များကိုအခြောက်ခံ၍ တင်သွင်းလိုကြောင်း

Fri, 09/18/2020 - 15:28 -- journal_editor

ဂျပန်နိုင်ငံ၊ဟီရိုရှီးမားမြို့တွင်အခြေစိုက်သည့် AIO Co., Ltd ကမြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များကိုအခြောက်ခံ၍ဂျပန်နိုင်ငံသို့တင်သွင်းလိုကြောင်း၊ဟင်းသီးဟင်းရွက်အခြောက်ခံသည့် နည်းပညာကိုပါမျှဝေဖလှယ်လိုပြီးလိုအပ်ပါကစက်ရုံတည်ထောင်ဆောင်ရွက်လိုပါကြောင်းနှင့်မြန်မာနိုင်ငံမှထွက်ရှိသည့်ဟင်းသီးဟင်းရွက်အခြောက်ခံထားသည့်ကုန်ကြမ်းများကိုဂျပန်နိုင်ငံသာမကအခြားဒေသတွင်းနိုင်ငံများသို့ပါဖြန့်ဖြူးတင်ပို့နိုင်ရန်အထိ ရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံရှိစီးပွားရေးသံမှူးမှ တဆင့် အကြောင်းကြားလာပါသည်။

              အဆိုပါ AIO Co., Ltd သည်၁၉၈၂ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးဂျပန်နိုင်ငံအတွင်း၌ အရောင်းစင်တာနှင့်ရုံးခွဲစုစုပေါင်း(၇)ခုရှိပါသည်။ အဓိကလုပ်ငန်းအမျိုးအစားသုံးမျိုးဖြစ်သည့် ကုန် ပစ္စည်းစစ်ဆေးရေးဝန်ဆောင်မှုလုပ်ငန်း၊ကုန်ပစ္စည်းပို့ဆောင်ရေးစီမံခန့်ခွဲမှုလုပ်ငန်းနှင့်အစားအစာလုပ်ငန်းတို့ကိုလုပ်ကိုင်လျှက်ရှိသည်။အစားအစာလုပ်ငန်းတွင်ဟင်းသီးဟင်းရွက်များဖြစ်သည့်ကြက်သွန် မိတ်၊ဂေါ်ဖီထုတ်၊မုန်လာဥနီ၊ဘိုစားပဲ၊ရွှေဖရုံသီးစသည်တို့ကိုလေနှင့်အခြောက်ခံစနစ်၊အေးခဲအခြောက်ခံစနစ်နှင့်ရေနွေးပူတွင် Floating ဖြင့်အခြောက်ခံစနစ်တို့ကိုအသုံးပြု၍အခြောက်ခံကြောင်းသိရှိရသည်။

              သို့ဖြစ်ပါ၍မြန်မာနိုင်ငံမှဟင်းသီးဟင်းရွက်ကိုအခြောက်ခံ၍ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချလို သောလုပ်ငန်းရှင်များအနေဖြင့်http://www.a-i-o.co.jpဝက်ဆိုဒ်သို့ဝင်ရောက်ကြည့်ရှုပြီးshintani@a-i-o.co.jpနှင့် mmnandar25@gmail.comအီးမေလ်းများသို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းတင်ပြလိုက်ရပါသည်။                                            

 

                                                                                      မြတ်မြတ်စိုးမိုး (Myantrade)န