Main menu

Background

ပြည်တွင်းလုပ်သားများ၏အလုပ်အကိုင်တည်မြဲစေရေးအတွက် စင်ကာပူ အစိုးရက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးခဲ့ပြီးဖြစ်

Fri, 09/18/2020 - 15:29 -- journal_editor

ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်သက်သာစေရန်နှင့် လုပ်သား များ၏ အလုပ်အကိုင်တည်မြဲမှုကို အထောက်အကူပြုစေရန် စင်ကာပူအစိုးရသည် Jobs Support Scheme - JSS အစီအစဉ်ဖြင့် စီးပွားရေးလုပ်ငန်း ၁၅၀၀၀၀ ကျော်သို့ စင်ကာပူဒေါ်လာ ၁၆ ဘီလီယံ ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအထောက်အပံ့ကြောင့် ပြည်တွင်းလုပ်သား ၂ သန်း ကျော်၏ လုပ်ခလစာကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးအပေါ် ကူညီပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပြောကြားခဲ့သည်။

          JSS အစီအစဉ်ဖြင့် စီးပွားရေးလုပ်ငန်းများသို့ ပံ့ပိုးပေးခဲ့သော စင်ကာပူဒေါ်လာ ၁၆ ဘီလီယံအနက် စင်ကာပူဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံသည် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ၏ တစ်နှစ်ဝင်ငွေရရှိမှုဖြင့် ခွဲခြားဖော်ပြ မည်ဆိုပါက တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀ သန်းအောက်သာဝင်ငွေရှိသော လုပ်ငန်းများ အတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀ သန်းမှ ၁၀၀ သန်းအကြား ဝင်ငွေရှိသော လုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၄ ဘီလီယံ၊ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၀၀ သန်းမှ ၂၅၀ သန်းအကြား ဝင်ငွေရှိသောလုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံနှင့် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၂၅၀ သန်းအထက် ဝင်ငွေရှိသောလုပ်ငန်းများအတွက် JSS ထောက်ပံ့ငွေသည် စင်ကာပူဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ် ။    ။ Ministry of Finance

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့န