Main menu

Background

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ကုမ္ပဏီ ၅၀၀ နီးပါး ဒေဝါလီခံခဲ့ရကြောင်း သိရ

Fri, 09/18/2020 - 15:34 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပထမဆုံး ကူးစက်မှုစတင်နေပြီလို့ အခိုင်အမာသိရှိပြီးအချိန်မှစ၍ လက်ရှိအချိန်အထိ ဒေဝါလီ ခံခဲ့ရသည့် ကုမ္ပဏီပေါင်း ၅၀၀ နီးပါး ရှိလာပြီးဖြစ်ကြောင်း  ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက် ၍ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုက ဖော်ပြထားကြောင်း သိရပါသည်။

ချေးငွေသုတေသနလုပ်ငန်းကုမ္ပဏီဖြစ်သည့် Teikoku Databank က ဒေဝါလီခံသည့် စီးပွားရေးလုပ်ငန်းများစာရင်းမှာ  စက်တင်ဘာလ ၁၁ ရက်နေ့အထိ ကုမ္ပဏီစုစုပေါင်း ၄၈၉ ခု အထိ ရှိလာပြီဖြစ်ကြောင်း ဆိုပါသည်။  အဆိုပါစာရင်းတွင်  ဒေဝါလီခံရန် စာရင်းပေးသွင်းထား သည့်ကုမ္ပဏီများ (သို့မဟုတ်) လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဥပဒေကြောင်းအရ ကုမ္ပဏီပိုင် ပစ္စည်းများကို ထုခွဲရောင်းချရန်  ပြင်ဆင်နေမှုများ ဆောင်ရွက်နေသည့် ကုမ္ပဏီများပါ ပါဝင်ပါ ကြောင်း Teikoku Databank က ပြောကြားခဲ့ပါသည်။

ကုမ္ပဏီအများစုသည် စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်များမှ ဖြစ်ပါကြောင်း၊ ထို့အပြင် ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများ၊  အဝတ်အစားလက်လီအရောင်းဆိုင်များ ဖြစ်ကြပါကြောင်း၊  ၎င်းတို့၏ သုတေသနပြုချက်အရ သိရပါသည်။ အခြား သုတေသနပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ် သော Tokyo Shoko Research သည်လည်း ဇူလိုင်လမှ သြဂုတ်လအထိ အသေးစားနှင့် အလတ်စားကုမ္ပဏီများကို စစ်တမ်းကောက်ယူခဲ့ပါသည်။ တုန့်ပြန်ဖြေကြားကြသည့် ကုမ္ပဏီများ ၏ ၈.၅ % က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ မပြီးဆုံးသေးပါက ၎င်းတို့အနေဖြင့် လုပ်ငန်း များ ရပ်ထားရဖို့ ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

နိုင်ငံတစ်ဝှမ်းလုံးတွင် အသေးစားနှင့် အလတ်စားကုမ္ပဏီ ၃.၆ သန်းနီးပါးခန့် ရှိသည့်အနက် အဆိုပါ ကုမ္ပဏီတွေထဲမှ လုပ်ငန်းပေါင်း ၃ သိန်းကျော်သည် ပိတ်သိမ်းရမည့် အလားအလာများ ရှိေနေကြာင်း သိရပါသည်။