Main menu

Background

နန်နင်းမြို့ မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်တွင် Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party ကျင်းပခဲ့

Fri, 09/18/2020 - 15:36 -- journal_editor

တရုတ်နိုင်ငံတွင် နေရာအနည်းငယ်မှအပ ကပ်ရောဂါဖြစ်ပွားမှုမှ နာလန်ထူလာချိန်နှင့် ပြည်တွင်းပြပွဲငယ်များ ပြန်လည်စတင်ချိန်၌ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် အနေအထားအား ထင်ရှားစေရန်အတွက်လည်းကောင်း၊ မကြာမီ ကျရောက်တော့မည့် တရုတ်နိုင်ငံ၏ ဆောင်းဉီး ရာသီအလယ်  လမုန့်ပွဲတော်အားလပ်ရက်ရှည်မတိုင်မီ ပြည်သူများ စိတ်လက်ပေါ့ပါး ရွှင်လန်းနေချိန်ဝယ်  မြန်မာလက်ဖက်ယဉ်ကျေးမှုနှင့် တရုတ်လမုန့်တို့ကို အတူယှဉ်တွဲပွဲထုတ်၍ မြန်မာကုန်ပစ္စည်းများအပေါ် တရုတ်ပြည်သူတို့၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်ရန်အတွက်လည်းကောင်းရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာလက်ဖက် ယဉ်ကျေးမှုဉယျာဉ်၌ သြဂုတ် ၂၈ ရက်က  Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party အား ကျင်းပခဲ့သည်။

အဆိုပါပွဲအား မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်ကို လာရောက်ဖွင့်လှစ် ထားသော မြန်မာ နိုင်ငံမှ လက်ဖက်ကုမ္ပဏီ သုံးခုနှင့်   တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများ ပူးပေါင်းကျင်းပခဲ့ကြခြင်းဖြစ်သည်။ 

  Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Partyသို့ တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံး၊ ကွမ်ရှီးအပြည်ပြည်ဆိုင်ရာ ပြပွဲများ အုပ်စုကုမ္ပဏီ လီမိတက်၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာပြပွဲကုမ္ပဏီလီမိတက်၊  China Council for International Trade Promotion (Nanning  Branch)၊  ဝူဟန်မြို့မှ   Hubei Lianghui International Trading Co., Ltd. တို့အပါအဝင် ရပ်နီးရပ်ဝေးမှ ပွဲသို့ လာရောက်သူဉီးရေ (၂၀၀)ဝန်းကျင်ခန့်ရှိခဲ့ပါသည်။ 

ပွဲသို့ လာရောက်မည့်သူများအား ပွဲမတိုင်မီ ကြိုတင်စာရင်းပေးစေခြင်း၊ ဧည့်ခံကြိုဆိုရေး နေရာ၌ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း မပါရှိသူများအား  နှာခေါင်းစည်းများဝေငှပေးခြင်း၊  hand gel ဖြင့် လက်ဆေးစေခြင်း၊  ပွဲအဝင်အထွက် QR Code များအားScan ဖတ်စေခြင်းတို့ဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့သည်။

ပွဲသို့လာရောက်ကြသည့်အဖွဲ့အစည်းများနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် ကပ်ရောဂါ ကာလအတွင်း တရုတ်နိုင်ငံတွင်း၌ကျင်းပနေသော ပြပွဲများသို့ပါဝင်ပြသနိုင်သည့် နည်းလမ်းများ၊  ကပ်ရောဂါအလွန်ကာလ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို စီးပွားရေးသံမှူးက ဆွေးနွေး ခဲ့ပြီး၊ ရလဒ်ကောင်းများ ရရှိခဲ့သည့် ပွဲလည်းဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

 

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (နန်နင်းမြို့)

ဒေါက်တာရွှေစင်ကို

နန်နင်းမြို့