Main menu

Background

ကိုရီးယားနိုင်ငံက အရေးပေါ်အရန်ဆန် ယခုလအတွင်းဝယ်ယူမည်

Fri, 09/18/2020 - 15:39 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အလားအလာရှိ သည့် သဘာဝဘေးအန္တရာယ်များကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်အရန် ဆန်ထားရှိရန် ယခုနှစ်အတွက်နှစ်စဉ်ဆန်ဝယ်ယူ မှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တတိယပတ် အတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်

အဆိုပါအစီအစဉ်တွင် ယခုနှစ်နှစ်ကုန်ပိုင်း၌ အရန်ဆန်အဖြစ်ထားရှိနိုင်ရေး ဆန်တန်ချိန် ၃၄၀ဝဝဝ ခန့်နှင့် ပြည်ပအထောက်အပံ့များ အတွက် ဆန်တန်ချိန် ၁၀ဝဝဝ ခန့်ကို ဝယ်ယူသွား မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာန (Ministry od Agriculture, Food& Rural Affairs of Korea) ထံမှ သိရှိရသည်။

နိုင်ငံအတွင်း၌ မမျှော်မှန်းနိုင်သောသဘာဝ ဘေးအန္တရာယ်နှင့် စားနပ်ရိက္ခာအကျပ်အတည်း များတွေ့ကြုံရလျှင် စားနပ်ရိက္ခာအတွက် ပြည်သူ များ ဘေးဒုက္ခမကြုံတွေ့စေရေးအတွက် အဓိက လိုအပ်သော ကောက်ပဲသီးနှံများကို အရေးပေါ် အရန်စနစ်ကျင့်သုံး၍ သိုလှောင်ကြခြင်းဖြစ် သည်။ ပုံမှန်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရသည် တစ်နှစ်တာစားသုံးမှုနှုန်း၏ ၁၇ မှ ၁၈ ရာခိုင်နှုန်း နှစ်လတာအတွက် ရိက္ခာပမာဏကို အရန်ဆန်အဖြစ် ဝယ်ယူသိုလှောင်လေ့ရှိကြောင်း၊ ကီလိုဂရမ် ၄၀ ပါ ဆန်တစ်အိတ်လျှင် ကိုရီးယား ဝမ်ငွေ ၃၀ဝဝဝ (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂) နှုန်းဖြင့် အစိုးရက ကြိုတင်ဝယ်ယူလေ့ရှိပြီး ကျန်ရှိငွေများကို နှစ်ကုန်တွင်ပေးချေလေ့ရှိ ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဆန်တစ်အိတ်၏ ဈေးနှုန်းမှာ ဝမ် ၆၅၇၅၀ ဖြစ်ပြီး ယခုနှစ်အတွက်မူ အစိုးရ၏ ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်မှုကို မသိရှိရသေးကြောင်း သိရှိရသည်။

ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့သော သဘောဝဘေးအန္တရာယ်များ အရေးပေါ်တွေ့ကြုံ ရသည့်အခြေအနေမျိုးတွင် ဒေသတွင်းနိုင်ငံများ၏ အရေးပေါ်စားနပ်ရိက္ခာလုံခြုံမှုအတွက် စီမံဆောင် ရွက်နိုင်ရေး ASEAN+3 Emergency Rice Reserve Project စီမံကိန်းအောက်မှ ဒေသတွင်း ပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဆန်ဝယ် ယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ အဆိုပါ အစီအစဉ်အောက်မှ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ပံ့ပိုးမှုအကူအညီများကို ဆောင် ရွက်ပေးလျက်ရှိသည်။

သို့ပါ၍ ကိုရီးယားသမ္မတနိုင်ငံမှ အရေးပေါ် အရန်ဆန်အဖြစ် ထားရှိနိုင်ရေး ဆန်တန်ချိန် ၃၄၀ဝဝဝ ခန့်နှင့် ပြည်ပအထောက်အပံ့များ အတွက် ဆန်တန်ချိန် ၁၀ဝဝဝ တို့ ဝယ်ယူရေး အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ဆောင်ရွက်သွားရန် စီစဉ်နေမှုအခြေ အနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

သတင်းရင်းမြစ် -Yonhap. The Korea Time

ဝင်းပပသူ၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့။