Main menu

Background

ဥရောပသမဂ္ဂသို့ စားအုန်းဆီကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ

Mon, 06/05/2023 - 14:01 -- journal_editor

ယခင် နှစ်ကုန်ပိုင်း၌    ဥရောပသမဂ္ဂအုပ်စုက   ဥရောပသမဂ္ဂ    သစ်တောပြုန်းတီးမှုစည်းမျဉ်း (နကမ သစနညေ ့ညငသည ီန်သမနျအအေငသည ျွနါကူအေငသည - နျွီ့) ကို ထုတ်ပြန်ခဲ့ရာ စားအုန်းဆီ  ထုတ်လုပ် သောနိုင်ငံများရှိ စားအုန်းဆီလုပ်ငန်းများကို  ထိခိုက်စေပြီး အသေးစား လုပ်ငန်းရှင်များနှင့်  ဆီ အုန်းစိုက် တောင်သူများကို ထောက်ပံ့ရေးကွင်း ဆက်မှ ဖယ်ရှားပစ်သကဲ့သို့  ဖြစ်နေသည်။   ထို့ပြင်  ဆီအုန်းလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးက အသေးစား လုပ်ငန်းရှင်များ  သို့မဟုတ် တောင်သူများကို အကျိုးများစွာ ဖြစ်ထွန်းခြင်းမရှိစေဘဲ သဘာဝ ပတ်ဝန်းကျင်ကို ပျက်ယွင်းစေကြောင်းကိုလည်း စွပ်စွဲထားသည်။
ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုစည်းမျဉ်းအသစ်ကို  ခုခံရန် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ  အလွန်အရေးကြီးသည့် ကိုယ်စားလှယ် အဖွဲ့အား  ဘရပ်ဆဲလ်သို့ မေ ၃၀ - ၃၁ ရက်တို့တွင် စေလွှတ်ခဲ့သည်။    ၎င်းကိုယ်စားလှယ်အဖွဲ့မှာ ဥရောပသမဂ္ဂကော်မရှင်နှင့်  စားအုန်းဆီနှင့်ဆက် နွှယ်သည့် ပြဿနာအမျိုးမျိုးကို ဆွေးနွေးသွားမည် ဖြစ်သည်။   အီးယူဘက်မှ   တောင်းခံသည့် လက်မှတ်များမှာ အသေးစား  လုပ်ငန်းရှင်များနှင့် လယ်သမားများ လိုက်နာကျင့်သုံးရန် အလွန်ခက်ခဲ သဖြင့်   စံချိန်စံညွှန်းများနှင့်ပတ်သက်၍    အပြန် အလှန် အသိအမှတ်ပြုသော  သဘောတူညီချက် (ာကအကေူ  မနခသါညငအငသည မေမညေါနာနညအ)ကို  ချုပ်ဆို သွားရန်နှင့် အင်ဒိုနီးရှားနှင့်မလေးရှားတို့မှ ဆောင် ရွက်သော လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များ ကို အီးယူက အသိအမှတ်ပြုလက်ခံသွားရန်  အင်ဒို နီးရှားက ကြိုးစားသွားမည်ဟု သိရသည်။  သစ် တော ပြုန်းတီးမှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ က ၂၀၁၀ ခုနှစ်တွင် ဆီအုန်းတိုးချဲ့စိုက်ပျိုးမှုများ ကို     ဆိုင်းငံ့ထားခဲ့ပြီးဖြစ်ကြောင်း    အင်ဒိုနီးရှား ဝန်ကြီးက ပြောကြားခဲ့သည်။
ဆီအုန်းကဏ္ဍမှာ   ကုလသမဂ္ဂ၏ထောင်စု နှစ် ရည်မှန်းချက်တစ်ခုဖြစ်သော  ဆင်းရဲနွမ်းပါးမှု ကို တိုက်ဖျက်ရာတွင်  ပါဝင်ဖြည့်ဆည်းပေးသည့် ကဏ္ဍဖြစ်ကြောင်း၊   အသေးစားလုပ်ငန်းများမှာ  ကမ္ဘာ့ဆီအုန်းထောက်ပံ့ရေးကွင်းဆက်၏     ၄၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီပေးနေကြောင်း၊ မလေး ရှား၌    အသေးစားလုပ်ငန်းရှင်နှင့်   တောင်သူ ၄၅၀ဝ၀ဝ   ဝန်းကျင်နှင့်  အင်ဒိုနီးရှား၌ ၂ဒသမ၅ သန်းခန့်ရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ အီးယူ ဘက်မှ အရေးယူဆောင်ရွက်ခြင်းကြောင့် အသေး စားလုပ်ငန်းရှင်များနှင့် တောင်သူများကို ထိခိုက် နစ်နာစေကြောင်း မလေးရှားနှင့်   အင်ဒိုနီးရှား ဝန်ကြီးများက သတင်းမီဒီယာများသို့ ပြောကြားခဲ့ သည်။
ယခင်ကလည်း မလေးရှားနှင့် အင်ဒိုနီးရှား တို့သည် ဥရောပသမဂ္ဂ၏မူဝါဒ အကောင်အထည် ဖော်ရာတွင် ခွဲခြားဆက်ဆံသည့်     မူဝါဒပြုနေ ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ   တိုင်ကြားခဲ့ သေးသည်။ယခုပူးတွဲကိုယ်စားလှယ်အဖွဲ့စေလွှတ် ခြင်းမှာ ၎င်းအငြင်းပွားမှုတွင် အဖြေရှာရန် ဆောင် ရွက်ခြင်းဖြစ်သည်။ 

ဒေါက်တာရွှေစင်ကို

Source: https://en.tempo.co/read/1727260/malaysia-indonesia-to-send-palm-oil-joi...