Main menu

Background

တရုတ်နိုင်ငံတွင်ဒူးရင်းသီးဝယ်လိုအားမြင့်တက်နေ

Mon, 06/05/2023 - 14:14 -- journal_editor

ဒူးရင်းသီးသည် တရုတ်နိုင်ငံစားသုံးသူများအကြား လူကြိုက် အများဆုံး သွင်း ကုန် သစ်သီးဝလံတစ်မျိုးဖြစ်ကာ တရုတ်နိုင်ငံတွင် ဒူးရင်းသီး ဝယ်လိုအားမှာ မြင့်တက်လျက်ရှိသည်။ ယခုနှစ် မေလအတွင်း ဒူးရင်းသီးရောင်းဝယ်မှု များ အမြင့်ဆုံးရာသီသို့ ရောက်ရှိလာခဲ့ကာ ဈေးကွက်တွင် စုစုပေါင်း ရောင်းလိုအား ဝယ်လိုအား ပမာဏများ မြင့်တက်လာခဲ့သည်။ 
ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားသူများ၏ အဆို အရ လက်ရှိဒူးရင်းသီးဈေးနှုန်းသည် အရည်အသွေး၊ မူရင်း ထွက်ရှိ ဒေသနှင့်အမျိုးအစားတို့ပေါ်တွင် မူတည်နေကြောင်း၊ အရည်အသွေးမြင့် အမျိုးအစားများမှာ ဈေးနှုန်းခိုင်မာနေပြီး အရည်အသွေးနိမ့်အမျိုးအစားများမှာ ဈေးနှုန်းနိမ့်ကျလျက် ရှိကြောင်း သိရှိရသည်။  အဓိကအချက်မှာ ထိုင်းနိုင်ငံအရှေ့ ပိုင်းမှ ဒူးရင်းသီးရောင်းချနိုင်မှုများ ကျဆင်းလာပြီး ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဒူးရင်းသီးထုတ်လုပ်မှုဧရိယာများမှအရေအတွက် များစွာ  စတင်ရောင်းချမှု မရှိသေးခြင်းကြောင့်ဖြစ်ကြောင်း၊ အရှေ့ဘက်ပိုင်းရှိ ဒူးရင်းသီးအဝယ်ဈေးနှုန်းများ ဆက်လက် မြင့် တက်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံဘက်တွင် ဈေးနှုန်းမြင့်တက်မှု ရှိနေကြောင်းသိရှိရသည်။ ဇူလိုင်လတွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ  ဒူးရင်း သီးများစွာ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ပြီး  အရည်အသွေးနှင့် အရသာမှာမူ အရှေ့ပိုင်းထက် အနည်းငယ်နိမ့်ကျကာ   ဈေးနှုန်းလည်း ကျဆင်းနိုင်မည်ဟု မျှော်လင့်ထားရှိသည်။
မကြာသေးမီနှစ်များအတွင်းက အရှေ့တောင်အာရှ နှင့်အခြားဒူးရင်းသီးထုတ်လုပ်သည့် နိုင်ငံများသည် တရုတ် နိုင်ငံ၏ ကြီးမားသောဈေးကွက်ကို    ဦးတည်လာကြကာ တရုတ်စားသုံးသူများ၏ လိုအပ်ချက်များကို   ဖြည့်ဆည်း ပေးပြီး တရုတ်နိုင်ငံ ဈေးကွက်ဝေစုရယူရန် တရုတ်ဈေးကွက်သို့ ဒူးရင်းသီးများ တင်ပို့လာကြသည်။ လတ်ဆတ်သောဒူးရင်းသီးများသည် အေးခဲဒူးရင်းသီးများထက်  သယ်ယူပို့ဆောင်မှုပိုင်းနှင့် သိုလှောင် ထိန်းသိမ်းမှုပိုင်းတွင် ပိုမိုခက်ခဲမှုများရှိကာ၂၀၂၂ခုနှစ် မတိုင်မီအထိ ထိုင်းနိုင်ငံတစ်နိုင်ငံသာ တရုတ် နိုင်ငံသို့ လတ်ဆတ်နှင့်အေးခဲ ဒူးရင်းသီးများ တင်ပို့နိုင်ခဲ့သည်။ အခြားအရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည့် မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီး များသာ တင်ပို့နိုင်ကြပြီး တရုတ်နိုင်ငံအနေဖြင့်လည်း  နေရာများစွာမှ ဝယ်ယူတင်သွင်းနိုင်ရန် ၎င်း၏ သွင်းကုန် တင်သွင်းမှုပုံစံကို စိစစ်သုံးသပ်လျက်ရှိသည်။  ၂၀၂၂ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ဈေးကွက်လိုအပ်ချက်များနှင့်ကိုက်ညီသော ဗီယက်နမ်နိုင်ငံမှ လတ်ဆတ် ဒူးရင်းသီးများကို  ခွင့်ပြုပေးခဲ့ကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ တွင် ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းသော ဒူးရင်းသီးများကို  ခွင့်ပြုပေးခဲ့ သည်။ 
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတစ်ခုတည်းမှ    ဝယ်ယူ တင် သွင်းမှုပုံစံကို ပြောင်းလဲ၍ အခြားဝယ်ယူရရှိနိုင်မည့်နိုင်ငံများ မှလည်း တိုးချဲ့ဝယ်ယူရန် ဆောင်ရွက်လာသည်။ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံမှ  ဒူးရင်းသီးများကို တင်သွင်းခွင့်ပြုပေး ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် ဒူးရင်းသီး   ရောင်းချမှု ဈေး ကွက် တိုးတက်မြင့်မားလာပြီး တစ်နှစ်ပတ်လုံး လတ်ဆတ် ဒူးရင်းသီးများကို ရောင်းဝယ်ဖောက်ကားမှုပြုလုပ်လာနိုင်ပါ သည်။ 
ဗီယက်နမ်နိုင်ငံသည် ရေတိုကာလတွင်   ထိုင်းနိုင်ငံထက်   သယ်ယူပို့ဆောင်မှုစရိတ်၊ ထောက်ပံ့ပို့ဆောင်မှုအချိန်နှင့်ဈေးနှုန်း ပိုင်းတို့တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်သော်လည်း အကောက်ခွန် ရှင်းလင်းခြင်း   အဆင်ပြေလွယ်ကူစေမှု၊ အရည်အသွေးနှင့် ရောင်းချမှု ကွင်းဆက်တည်ဆောက်မှုပုံစံများတွင် ထိုင်း နိုင်ငံထက် နောက်ကျကျန် နေခြင်းများရှိကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဒူးရင်းသီးထုတ်လုပ်နိုင်မှုအဆင့် အတန်းသည် ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံထက် အရည် အသွေးနိမ့်ကျနေပြီး ဒူးရင်းသီးပို့ကုန်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာလည်း  အဆိုပါနိုင်ငံများ လောက် ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 
လက်ရှိ တရုတ်နိုင်ငံ ဒူးရင်းသီးဈေးကွက်ဝေစုပြိုင်ဆိုင်နေမှုအခြေအနေအရ ထိုင်းနိုင်ငံမှဒူးရင်း သီးများ တရုတ်နိုင်ငံဈေးကွက်တွင် နေရာရယူထားမှုသည် ရေတိုကာလတွင် အခက်အခဲများ  ရှိနေ နိုင်ပြီး ရေရှည်ကာလတွင် အရည်အသွေးကောင်းမွန်ပြီး စရိတ်သက်သာစွာ ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်ဝေစုပိုမိုရရှိနိုင်မည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။

ရင်းမြစ်-  China Fruit Marketing Association

NES