Main menu

Background

ယခုနှစ်အတွင်း လာအိုနိုင်ငံနှင့် ကုန်သွယ်မှု တိုးတက်ပြုလုပ်နိုင်ခဲ့

Tue, 09/26/2023 - 11:54 -- journal_editor

မြန်မာနိုင်ငံနှင့် ကုန်သွယ်‌ရေးအဆက်အဆံ နည်းပါး လှသည့် လာအိုနိုင်ငံနှင့် ယခုနှစ်အတွင်း ကုန်သွယ်မှုတိုးတက် ပြုလုပ်နိုင်ခဲ့ကြောင်း ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
လာအိုနှင့်မြန်မာ      နှစ်နိုင်ငံနယ်နိမိတ်အကြားတွင် မဲခေါင်မြစ် ပိုင်းခြားထားခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ မဖွံ့ဖြိုးနိုင်ခဲ့သော်လည်း လက်ရှိတွင် မြန်မာ-လာအို ချစ်ကြည် ရေးတံတားကို  တည်ဆောက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ကုန် သွယ်မှုများကို ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ် ဆင့် ဆောင်ရွက်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်  ၂၀၂၁ ခုနှစ်  သြဂုတ် ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နေ၍ ပို့ကုန်ကြေညာလွှာဖြင့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေး စခန်းသို့ ပို့ကုန်အမျိုးမျိုးတင်ပို့နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ယခု စက်တင်ဘာလအတွင်း    လာအိုနိုင်ငံသို့ ပို့ကုန် အမယ်သစ်အဖြစ်   မြန်မာ့ဆေးရွက်ကြီး တင်ပို့လာနိုင်ခဲ့ပြီး ပထမပတ်အတွင်း၌ပင် ဆေးရွက်ကြီး တန်ချိန် ၂၂ တန် တင်ပို့ နိုင်ခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၃၅၀ဝ၀ ရရှိခဲ့ကြောင်းသိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ အထိ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ ရေထွက် ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၀ဝ၀ဝ၀ ကျော်၊ သြဂုတ် လတွင် ဆီးဆန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၁၄၀ဝ၀ကျော်၊ စက်တင်ဘာလတွင်  ဆေးရွက်ကြီးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၅၀ဝ၀ကျော် ရရှိခဲ့ခြင်းကြောင့် စုစုပေါင်း ကန် ဒေါ်လာ ၉၄၉၀ဝ၀ကျော်အထိ ဝင်ငွေရရှိခဲ့ကြောင်းသိရသည်။

ပန်းဆု