Main menu

Background

အိန္ဒိယနိုင်ငံတွင် ၄ နှစ်အတွင်း အဆိုးရွားဆုံးမိုးခေါင်မှု ကျရောက်ခဲ့သဖြင့် ယခုနှစ်တွင် ပဲပုပ်အထွက်နှုန်းကျဆင်းနိုင်

Mon, 10/23/2023 - 14:15 -- journal_editor

အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၀၂၄ ခုနှစ်များအတွင်း  ပဲပုပ်ရိတ်သိမ်းမှု အခြေအနေများအကြောင်းကို  ှီ့ဗ ၏ ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအစီရင် ခံစာတွင် ဖော်ပြထားရာ  ယခုနှစ်အတွင်း မက်ထရစ်တန်ချိန် ၁၁ သန်းထွက်ရှိနိုင်ကြောင်းနှင့် ယခင်လကထက် ၈ ရာခိုင် နှုန်း၊ ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်း သိသာစွာ ကျဆင်းနိုင် ကြောင်း၊  ပဲပုပ်စိုက်ပျိုးသည့် ဧရိယာမှာ ဟက်တာ ၁၃ သန်း ခန့်ရှိပြီး ယခင်လနှင့် ယခင်နှစ်ကထက်စာလျှင် တည်ငြိမ် ကြောင်း၊ သို့ရာတွင် ခန့်မှန်းအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ဝ ဒသမ ၈၅ မက်ထရစ်တန်သာဖြစ်ရာ ယခင်မျှော်မှန်းထား သည်နှင့် နှိုင်းယှဉ်ပါက  ဆုတ်ယုတ်သွားကြောင်း ဖော်ပြထား သည်ကို လေ့လာတွေ့ရှိရသည်။
အိန္ဒိယနိုင်ငံတွင်  မိုးရွာသွန်းသည့် အခြေအနေအမျိုးမျိုး ကြောင့် ပြည်တွင်းပဲပုပ်ထုတ်လုပ်မှုအပေါ် စိန်ခေါ်မှုများနှင့် သိသာထင်ရှားစွာ ရင်ဆိုင်နေရသည်။ ပဲပုပ်စိုက်ပျိုးသူများက ဇူလိုင်လ၌ စိုက်ပျိုးမှုကို အပြီးသတ်ခဲ့ကြသည်။ သို့ရာတွင် ပြီးခဲ့သည့် သြဂုတ်လမှာ လေးနှစ်အတွင်း အခြောက်သွေ့ဆုံး လ ဖြစ်ခဲ့သည့်အတွက်  သီးပွင့်မှုပြုရန်လိုအပ်သည့် မိုးရွာသွန်း မှုကို လုံလောက်စွာ ရရှိခြင်းမရခဲ့ပါ။ စက်တင်ဘာလ၌ မိုးရေ ပြန်လည်ရရှိခဲ့သော်လည်း  သြဂုတ်လ၏ ရာသီဥတုအခြေ အနေကြောင့် စိုက်ခင်းများ ထိခိုက်ခဲ့သည့်အပြင်  ပဲပုပ်စိုက် ခင်းများ၌ ယင်ဖြူများနှင့် ရောဂါများပါ ကျရောက်ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ပဲပုပ်စိုက်ပျိုးမှုအားြေိ့ပေ ဏမေိနျ့၊  ြေ့မျေေ့အမေ နှင့်  ျွျြေေအ့ညေ ပြည်နယ်များတွင် မိုးရာသီ ု့မေင် ျနျေသည ကာလ၌သာ ပြုလုပ်ပြီး တစ်နိုင်ငံလုံး ပဲပုပ် အထွက်နှုန်း၏ ၉၄ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်သည်။ ပဲပုပ် ရိတ်သိမ်းမှုကို အောက်တိုဘာလကုန်မှ နိုဝင်ဘာလအတွင်း ပြုလုပ်လေ့ရှိကြသည်။ 
အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ရာသီ၌ ပဲပုပ်တန်ချိန် ၁၁ ဒသမ ၈၈ သန်းခန့် ထုတ်လုပ်ခဲ့သည်။ ယခု စိုက်ပျိုးရာသီ တွင် ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း ခန့်မှန်းချက်အရ တန်ချိန် ၁၀ ဒသမ ၅၇ သန်းခန့်သာ ထွက်ရှိနိုင်မည်ဖြစ်သည်။  ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲပုပ် စားသုံး မှုနှုန်းမှာ   မက်ထရစ်တန်ချိန် ၆ သန်းခန့်ရှိခဲ့သည်။  ပဲပုပ်ကို အိန္ဒိယမှ အမေရိကန်ပြည်ထောင်စု၊ သီရိလင်္ကာနှင့် တောင်ကို ရီးယားနိုင်ငံတို့သို့ တင်ပို့လေ့ရှိပြီး ပဲပုပ်အစာကို  ဗီယက်နမ်၊ သီရိလင်္ကာ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့  တင်ပို့လေ့ ရှိသည်။   ပဲပုပ်အစာတင်ပို့သည့်ရာသီမှာ အောက်တိုဘာလ တွင်စတင်၍မတ်လအထိဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင် ပဲပုပ် အစာ တန်ချိန် ၄ ဒသမ ၇ သိန်းတင်ပို့ခဲ့သည်ဟု သိရသည်။  မြန်မာနိုင်ငံမှ ပဲပုပ်ကို တန်ချိန် သောင်းဂဏန်းခန့်တင်ပို့နေ သည်ဖြစ်ရာ  အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရန် သို့မဟုတ် အိန္ဒိယမှ ပို့ကုန်တင်ပို့နေသည့် နိုင်ငံများ၏ လိုအပ်ချက်ကို ပါဝင်ဖြည့် ဆည်းရန် ဈေးကွက်အနေအထားကို လေ့လာသင့်ပါကြောင်း တင်ပြအပ်ပါသည်။

ဒေါက်တာရွှေစင်ကို (ကုန်သွယ်ရေးဦးစီးဌာန)

Source:  https://www.agrolink.com.br/noticias/india-registra-maior-seca-dos-ultim...
https://agriexchange.apeda.gov.in/news/NewsSearch.aspx?newsid=49927