Main menu

Background

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းတွင် လုပ်ခလစာ အငြင်းပွားမှု ဖြစ်ပေါ်နေ

Mon, 11/20/2023 - 13:58 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် ကာလကြာ ရှည်လုပ်ခလစာ အငြင်းပွားမှုဖြစ်ပေါ်နေသောကြောင့်     နိုင်ငံ၏အရေးကြီးသော စီးပွားရေးမောင်းနှင်ပေးသည့်ကဏ္ဍကို  ပျက်ယွင်း စေလျက်ရှိသည့်အနေအထား၌  မကြာသေးမီ  ရက်သတ္တပတ်များ အတွင်း  နိုင်ငံရေး မတည်ငြိမ်မှုများပါ   ထပ်မံဖြစ်ပေါ်နေသည်။  အတိုက်အခံများက ဦးဆောင်သည့်ဆန္ဒပြပွဲများနှင့် ငွေကြေးဖောင်းပွ မှုကြောင့် ထိခိုက်နေသော အလုပ်သမားများ၏  ဆန္ဒပြပွဲများကြား တွင် ဆက်နွှယ်မှုရှိနေသည်ဟု အာဏာရအစိုးရက စွပ်စွဲထားသည်။
ကြီးမားသော ဆန္ဒပြမှုများနှင့်ရဲတပ်ဖွဲ့များအကြား ပြင်းထန် စွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက်  ပြီးခဲ့သော ရက်သတ္တပတ် အတွင်း အစိုးရက ချုပ်ပြီးအထည်များကို ချုပ်လုပ်သည့်အလုပ်သမား များအတွက် အနိမ့်ဆုံးလစာကို  ၅၆ ရာခိုင်နှုန်းတိုးလျက်  တာကာ ၁၂၅၀ဝ သို့မဟုတ် ၁၁၃ ဒေါ်လာခန့်အထိ တိုးမြှင့်ပေးခဲ့ပြီး  ဖြစ်ပါ သည်။  အလုပ်သမားများဘက်မှ တောင်းဆိုသည့် အနိမ့်ဆုံး လုပ်ခ လစာနှုန်းထားမှာ တာကာ ၂၃၀ဝ၀ သို့မဟုတ် ၂၀၉ ဒေါ်လာဖြစ် သည်။
ပြီးခဲ့သော လအတွင်း  မူဝါဒဆွေးနွေးပွဲစင်တာမှ ခန့်မှန်းသည့် အထည်ချုပ်လုပ်ငန်းမှ ရရှိသင့်သည့်   အနည်းဆုံး လုပ်ခလစာမှာ တစ်လလျှင် ၁၇၅၆၈တာကာဖြစ်သည်။ ၎င်းခန့်မှန်းချက်မှာ ဘင်္ဂလား ဒေ့ရှ်တွေးခေါ် ပညာရှင်အဖွဲ့ Bangladeshi think tank))က  စက်ရုံ အများအပြားမှ အလုပ်သမားရာချီတို့၏အစားအသောက်နှင့် အခြား အသုံးစရိတ်ပုံစံများကို စစ်တမ်းကောက်ယူပြီးနောက်  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများက လစာတိုးပေးသည့်နှုန်းမှာ နည်းပါး နေပြီး စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စံချိန်တင် ငွေကြေးဖောင်းပွလာခြင်းတို့ကို ရင်ဆိုင်ရန်  မလုံလောက်ဟု  ပြော ကြားထားသည်။ ကဏ္ဍတွင်းရှိ လူဦးရေ လေးသန်းကို  ကိုယ်စားပြု သည့် သမဂ္ဂအားလုံးနီးပါး၏ တောင်းဆိုမှုကို   ပယ်ချခဲ့ခြင်းကြောင့် ဒါကာမြို့  ဆင်ခြေဖုံးရှိ အဓိကစက်မှုဇုန်နှစ်ခုဖြစ်သည့်Gazipur နှင့် Ashulia  ရှိ လမ်းများကို ပိတ်ဆို့၍ သပိတ်မှောက်မှုများ  ဖြစ်ပေါ်ခဲ့ သည်။
ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး လုပ်ခလစာနှင့် ဆက် နွှယ်သော  မငြိမ်မသက်မှုဟု ကျယ်ပြန့်စွာ ယူဆထားသည့် အဆိုပါ ဆန္ဒပြမှုများမှာ အဓိကနိုင်ငံရေး အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုး သားရေးပါတီ(BNP)မှ တစ်နိုင်ငံလုံး ဆန္ဒပြမှုများနှင့် တိုက်ဆိုင်နေ ပါသည်။BNPပါတီက  ဝန်ကြီးချုပ်Sheikh Hasina  ချက်ချင်း နုတ် ထွက်၍ ဇန်နဝါရီလတွင် ကျင်းပမည့်   နောက်ထပ်ရွေးကောက်ပွဲ အား  ကြားနေအိမ်စောင့်အစိုးရ၏ ကြီးကြပ်မှုအောက်တွင် ဆောင် ရွက်ရန် တောင်းဆိုလျက်ရှိပါသည်။ Hasina က ထိုတောင်းဆိုချက် ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကာ  သပိတ်နှစ်ခုကို အတူတကွ ဖြစ် ပေါ်လာကြောင်း ပြသရန် ကြိုးပမ်းခဲ့သည်သာမက  BNP  ပါတီအပေါ် ဆန္ဒပြသည့် အထည်ချုပ်စက်ရုံ သပိတ်များကို ပြစ်တင်ပြီး ပြင်းထန် စွာ တုံ့ပြန်မှု ပြုလုပ်မည်ဖြစ်ကြောင်း  သတိပေးခဲ့သည်။    စက်ရုံများ ပျက်စီးသွားပါက စက်ရုံအလုပ်သမားများအနေဖြင့် ၎င်းတို့၏ရွာများ သို့ပြန်ရကာ အလုပ်လက်မဲ့ဖြစ်မည်ဖြစ်ကြောင်းကိုလည်း သတိပေး ထားသည်။ ချုပ်ပြီး အထည်ကဏ္ဍမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဝင်ငွေရရှိသောကဏ္ဍဖြစ်ပါသည်။    ဒေါ်လာ ၅၅ ဘီလီယံရှိသည့် ဘင်္ဂလားဒေ့ရှ်၏နှစ်စဉ်  ပို့ကုန်တင်ပို့မှုတွင် ၈၀ ရာခိုင်နှုန်းပါဝင်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးတွင် ၁၆ ရာခိုင်နှုန်းခန့်ပါဝင် ဖြည့်ဆည်းသည်။ နိုင်ငံခြားအရန်ငွေများ ကျဆင်းလာမှုအပေါ် စိုးရိမ် မှုများ ကြီးထွားလာချိန်တွင် ယခုကဲ့သို့ ဆန္ဒပြမှုများဖြစ်ပေါ်လာသဖြင့်  စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ်လာရပါသည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ခလစာ အငြင်းပွားမှုများ၊ နိုင်ငံ ရေး ဆန္ဒပြမှုများနှင့် အတိုက်အခံများထဲမှ ထင်ရှားသူများကို ဖမ်းဆီး နေမှုများကြောင့် နိုင်ငံ၏စီးပွားရေးနှင့် ဒီမိုကရေစီ   ကျင့်သုံးမှုတို့ အပေါ် မသေချာမရေရာမှုများ ဖြစ်ပေါ်စေလျက်ရှိပါသည်။ 
လုပ်သားများ  နုတ်ထွက်မှုကြောင့် အနည်းဆုံးစက်ရုံပေါင်း ၁၃၀ ခန့်   ပိတ်ပစ်ခဲ့ရသည်။ အချို့စက်ရုံများကလည်း အလုပ်သမား ဥပဒေတွင် ပါဝင်သော”တရားမဝင် ဆန္ဒပြမှုများကြောင့်” စက်ရုံများ ကို ရပ်ဆိုင်းပိုင်ခွင့်ရှိသည်ကို ကိုးကားလျက် ရပ်ဆိုင်းထားကြသည်။ ဆန္ဒပြပွဲများအတွင်း လူလေးဦး သေဆုံးခဲ့ကာ အနည်းဆုံး အမည် မသိ လုပ်သားပေါင်း ၁၁၀ဝ၀ခန့်ကို  ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ 
ဘင်္ဂလားဒေ့ရှ်အထည်ချုပ်နှင့် စက်မှုအလုပ်သမားများအဖွဲ့ ချုပ် ဥက္ကဋ္ဌKalpona Akter က အလုပ်သမားများ၏ တောင်းဆိုချက် များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အစိုးရက စက်ရုံပိုင်ရှင်များ၏ ကမ်းလှမ်းမှုအတိုင်း လစာတိုးပေးမှုကို လက်ခံအတည်ပြုလိုက်သည့် အတွက်  စိတ်ပျက်မိကြောင်း၊ ဆန္ဒပြမှုမှာ မည်သည့် နိုင်ငံရေးပါတီ နှင့်မျှ မဆက်နွှယ်ကြောင်း၊ တာကာငွေ   ပိုမိုအားနည်းလာခြင်းကို လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊  အထည်ချုပ်လုပ်ငန်း ရှင်များက ဒေါ်လာဖြင့် ဝင်ငွေရသည့်အတွက်   တိုးမြှင့်ပေးသည့် လစာကိုလည်း ဒေါ်လာအားဖြင့် သတ်မှတ်ရန်  ထည့်သွင်းစဉ်းစား သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  လုပ်ခလစာ ဘုတ်အဖွဲ့ တွင်ပါဝင်သည့် စက်ရုံလုပ်ငန်းရှင်များကို ကိုယ်စားပြုသည့် ဘင်္ဂလား ဒေ့ရှ်အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပိုင်ရှင်များအသင်း BGMEA)) ၏ ဥက္ကဋ္ဌဟောင်းSiddiqur Rahman ကမူ တိုးမြှင့်ပေးသည့်လစာမှာ လုံလောက်သည်ထက် ပိုမိုကြောင်း၊ ထပ်မံတိုးမြှင့်ပေးရမည်ဆိုပါက ကဏ္ဍတစ်ရပ်လုံး မတည်မငြိမ်ဖြစ်မည်ဖြစ်ကြောင်း၊   ဒေါ်လာဖြင့် ဝင်ငွေရရှိသော်လည်း ကုန်ကြမ်းများအတွက်  ကုန်ကျစရိတ်များကို ဒေါ်လာဖြင့် ပေးရခြင်း၊ လွန်ခဲ့သည့်နှစ်နှစ်အတွင်း အသုံးအဆောင် များ၏ ကုန်ကျစရိတ်များ  တိုးလာခြင်းတို့ကြောင့်  အမြတ်များစွာ မရရှိကြောင်း ခုခံပြောဆိုထားသည်။
BGMEA  ၏ လက်ရှိ ဥက္ကဋ္ဌ Faruque Hassan က လက်ရှိဖြစ် ပေါ်နေသောဆန္ဒပြမှုများကြောင့် အဓိကနိုင်ငံခြားမှ မှာယူသူအချို့ တွင် စိုးရိမ်မှုများ များစွာဖြစ်ပေါ်နေကြောင်း၊ အမှာစာများကို မှာယူ ခြင်းမပြုသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ဆန္ဒပြမှု များ ဆက်လက်ဖြစ်ပေါ်ပါက မှာယူမှု ပြုကြတော့မည်မဟုတ်ကြောင်း သတိပေးထားသည်။
အမှတ်တံဆိပ်ပေါင်း ၁၀ဝ၀ ကျော်ကို ကိုယ်စားပြုသည့် အမေ ရိကန် အဝတ်အထည်နှင့် ဖိနပ်အသင်းမှ Stephen Lamar  ပြောကြား ချက်ကို ရိုက်တာသတင်းဌာနက ကိုးကားရေးသားချက်မှာ ဘင်္ဂလား ဒေ့ရှ် အထည်အလိပ်ထုတ်လုပ်သူများ ရင်ဆိုင်နေရသော နောက်ထပ် လုပ်ခကုန်ကျစရိတ်များကို အမေရိကန်ဝယ်လက်များက ပေးရမည် ဖြစ်ကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၃ခုနှစ်က တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်ကတစ်ကြိမ် လုပ်ခလစာများကို   တိုးမြှင့်ပေးခဲ့ရာ၌   လုပ်သား များ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးခဲ့ကာ မတည်ငြိမ်မှုများလည်း ယခုလောက် မဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်က  ၅၁  ရာခိုင်နှုန်း အထိပင် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအကြိမ်တွင်လည်း ၂၀၁၈ ခုနှစ် ကကဲ့သို့ ဖြစ်စေချင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ 
အထည်ချုပ်လုပ်ငန်းမှာ ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ အဓိက ဝင်ငွေရရှိသည့်ကဏ္ဍဖြစ်ပါသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  လက်ရှိ တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော်လည်း  ၎င်းအနေအထားမှ လွတ်မြောက်ရန် ကြိုးစားဆောင်ရွက်နေသည်။ ၎င်းအချိန်တွင် ယခု ကဲ့သို့ အထည်ချုပ်လုပ်ငန်း၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းကြောင့် လည်းကောင်း၊ နိုင်ငံရေးအကူးအပြောင်းကာလတစ်ခု ရောက်ရှိတော့ မည်ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း   မူဝါဒနှင့် နိုင်ငံရေး အပြောင်းအလဲကို  မည်သို့ကိုင်တွယ်ဆောင်ရွက်မည်ကို   လေ့လာ စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။     
Source : Nikkei asia

ဒေါက်တာရွှေစင်ကို