Main menu

Background

နိုင်ငံ ခြောက်နိုင်ငံမှ နို့လုပ်ငန်းများ စီမံကိန်းဖြင့် အဆင့်မြှင့်တင်မည်

Wed, 12/20/2023 - 10:26 -- journal_editor

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ မြန်မာနိုင်ငံ အပါအဝင် တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ နို့စား နွား မွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေး ကို စီမံကိန်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ ထုတ်ပြန်ထားချက်အရ သိရ သည်။
နို့စားနွား မွေးမြူရေးနှင့်  နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေး စီမံကိန်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ ု့သညုနေည တက္ကသိုလ်က အကောင်အထည်ဖော် ဆောင် ရွက်မည့် ူဃြ ှအမနညါအ့နညငညါ ီငေမပ ှုညညသလအေငသည(ှှီု) စီမံကိန်းဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအရ သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင် သူများ၊ နို့စားနွား မွေးမြူသူများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအား နည်း ပညာသင်တန်းများ ပို့ချပေးခြင်း၊ နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအကြား နို့စားနွား မွေးမြူရေးနှင့် နို့နှင့်နို့ ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအရ ဖွင့်လှစ်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် မေလတွင် စတင်နိုင်ရန် ပြင်ဆင်ထား ရှိကြောင်း သိရသည်။ 
ယင်းသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံမှ သင်တန်းသား များ စေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
စိတ်ပါဝင်စားသည့် နို့စားနွား မွေးမြူသူများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ် လုပ်သူများအနေဖြင့် သင်တန်းတက်ရောက်နိုင်ရန် နိုင်ငံကူးလက်မှတ် အပါအဝင် အခြားလိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြရန် အသိပေး ထားကြောင်း သိရသည်။                                                                          

   မြသဲ