Main menu

Background

အိုပက်က ရေနံထုတ်လုပ်မှုကို လျှော့ချသွားမည်

Wed, 12/20/2023 - 13:35 -- journal_editor

ရေနံ အဓိကထုတ်လုပ်တင်ပို့  ရောင်းချသည့်နိုင်ငံများ အဖွဲ့ အစည်းဖြစ်သည့် (Organization of the Petroleum Exporting Countries-OPEC) လာမည့်နှစ်များတွင် ရေနံထုတ်လုပ်မှုကို လျှော့ ချသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ပထမပတ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အိုပက်အဖွဲ့ဝင်နိုင်ငံများ နှင့် အိုပက်(OPEC)အဖွဲ့ဝင် မဟုတ်ဘဲ ရေနံထုတ်လုပ်နေသည့် နိုင်ငံများက လာမည့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရေနံထုတ် လုပ်မှုကို မိမိတို့ဆန္ဒအလျောက် ဆက်လက်လျှော့ချသွားမည်ဖြစ် ကြောင်းနှင့် နေ့စဉ် ရေနံထုတ်လုပ်မှု စည်ပေါင်း ၂ ဒသမ ၂ သန်း အထိ လျှော့ချသွားရန် သဘောတူညီထားကြောင်း သိရသည်။
အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့်  အိုပက်အဖွဲ့ဝင်မဟုတ်သည့် ရေနံထုတ်လုပ်သော နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့်OPEC+၏ (၃၆) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က Video Conferenceဖြင့် ကျင်းပခဲ့ရာတွင် အကြိုသဘောတူညီ မှု ရရှိခဲ့ခြင်းဖြစ်သည်။ 
ယခုကဲ့သို့ ရေနံလျှော့ချထုတ်လုပ်ရန် ပြင်ဆင်ခဲ့ခြင်းသည် (၃၅)ကြိမ်မြောက် OPEC+  ဝန်ကြီးအဆင့် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက  ချမှတ်ခဲ့သော ၂၀၂၄ ခုနှစ် ရေနံထုတ်လုပ်မှု လျှော့ချရေး သဘောတူညီချက်များကို အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်းနှင့် ယင်းမှာ OPEC+  နိုင်ငံများအနေဖြင့် ဧပြီလက ကြေညာခဲ့သော မိမိဆန္ဒအလျောက် ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို ဆက်လက်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ဆော်ဒီအာရေဗျနိုင်ငံ သည် ယခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိမိ သဘောဆန္ဒ အရ နေ့စဉ် ရေနံစည် တစ်သန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံကမူ ယခုနှစ် စက်တင်ဘာလမှ စတင်ကာ မိမိ ဆန္ဒအလျောက် နေ့စဉ် ရေနံလျှော့ချထုတ်လုပ်မှုကို စည်ပေါင်း သုံး သိန်းမှ ငါးသိန်းအထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အီရတ် နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်နိုင်ငံ၊ ကာဇက် စတန်နိုင်ငံ၊ အယ်လ်ဂျီးရီးယားနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှ စတင်၍ မိမိ သဘောဆန္ဒအလျောက် ရေနံ ထုတ်လုပ် တင်ပို့မှုကို လျှော့ချသွားရန် သဘောတူညီထားကြောင်း သိရသည်။  
 Source; Xinhua

မြသဲ