Main menu

Background

ရှိန်းက Zara နှင့်H&M တို့ကို နောက်ကောက်ချနိုင်ခဲ့

Wed, 12/20/2023 - 13:39 -- journal_editor

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီတစ်ခု ဖြစ်သည့် ရှိန်းShein))သည် Zara နှင့်H&M တို့ကို နောက် ကောက်ချနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ရောင်းအား အကောင်းဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ ကြောင်း ရိ်ုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ရေးသားဖော်ပြထားသည်။ 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ကမ္ဘာ တစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့သည့်  ရှိန်း(Shein)သည် အဝတ် အစား ဖက်ရှင်လောကတွင် ကမ္ဘာ့ဈေးကွက်ဝေစု ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည် ဟု ဆိုသည်။
လက်ရှိအချိန်တွင် အဝတ်အစား ဖက်ရှင် လောက၏ ကမ္ဘာ့ဈေးကွက်၌ နာမည်ကြီး Zara နှင့်H&M တို့မှာ ရှိန်းShein)၏ နောက်မှ ဒုတိယနှင့် တတိယနေရာတို့တွင် ရပ်တည်နေကြသည်။ ရှိန်း Shein)ကို စတင်တည်ထောင်သူမှာ တရုတ်နိုင်ငံ သား Chris Xu  ဖြစ်ပြီး ၂၀ဝ၈ ခုနှစ် အောက်တိုဘာ လက တရုတ်နိုင်ငံတွင် စတင်ထုတ်လုပ် ဖြန့်ချိခဲ့ ခြင်းဖြစ်သည်။ ယခုအချိန်တွင် စင်ကာပူနိုင်ငံ၌ လည်း ဌာနချုပ်များ တည်ရှိနေပြီဖြစ်သည်။
အဝတ်အစား ဖက်ရှင်လောကတွင် ရှိန်း (Shein)၏ အားသာချက်မှာ တရုတ်နိုင်ငံမှ အဓိက အထည်များကို တင်သွင်းပြီး သုံးစွဲသူလက်ထဲသို့ ဈေးသက်သက်သာသာဖြင့် အရောက်ပို့နိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ ရှိန်းShein) ထုတ်ကုန်ပစ္စည်း အမယ်မှာ ၁ ဒသမ ၅ သန်းခန့်ရှိကာ တီရှပ် တစ် ထည်လျှင်  ငါးဒေါ်လာ၊ ဆွယ်တာ တစ်ထည်လျှင် ၁၀ ဒေါ်လာ စသည်ဖြင့်  ရောင်းချကြောင်း သိရ သည်။ ရှိန်းShein)၏ အဓိကဗျူဟာမှာ ဥမိနမ များကို လက်ခံပြီး ဝယ်လိုအားအပေါ် အခြေခံ၍ ထုတ်လုပ်မှုကို ချဲ့ထွင်ခြင်းဖြစ်သည်။ ရှိန်းShein)သည် ဈေးကွက်သို့ ရောက်ရှိလာသည်မှာ ၁၅ နှစ် သာရှိသေးသော်လည်း Zara  နှင့်H&M တို့ကို ကျော်လွန်ပြီး မြန်ဆန်သောနှုန်းဖြင့် ကမ္ဘာ့ဖက်ရှင် လောကကို ကြီးစိုးလာခဲ့ခြင်းဖြစ်သည်။

 Source; Reuters

မြသဲ