Main menu

Background

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု အခြေအနေ

Mon, 02/05/2024 - 09:55 -- journal_editor

အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကို တားမြစ် ထား၍   ထိုင်းနိုင်ငံဆန်ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်တွင် အမြင့်ပိုင်းတွင် ဆက်လက်ရှိနေမည်ဟု ဒေသခံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက  သုံးသပ်လျက်ရှိသည်။
ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ၏ ပြောကြားချက်အရ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေး နှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ ဝန်း ကျင်တွင်ရှိနေနိုင်ပြီး  အဆိုပါပမာဏသည် နိုင်ငံအမြောက် အမြားမှ   ဆန်ဝယ်လိုအားများကြောင့်  ဆယ်စုနှစ် တစ်စု အတွင်း အမြင့်ဆုံးအခြေအနေဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊  ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာရှတိုက် ၏ အဓိကဆန်တင်ပို့သည့် နိုင်ငံများဖြစ်ကြသည်။ အင်ဒို နီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန်ဆက်လက်တင် သွင်းသွားမည်ဖြစ်ပြီး ၂၀၂၃ နှစ်ထက်  ပမာဏနည်းပါးစွာ တင်သွင်းနိုင်သော်လည်း တန်ချိန် လေးသန်းခန့်  ပမာဏကို ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့် နိုင်ငံအမြောက်အမြား မှ ဝယ်ယူသွားမည်ဟု သိရသည်။ ၂၀၂၃ နှစ်၏ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုပမာဏမှာ စုစု ပေါင်း တန်ချိန် ၈ ဒသမ၈ မှ ၈ဒသမ၉ သန်း ရှိခဲ့ပြီး ခန့်မှန်း တန်ချိန် ၈ ဒသမ၅ သန်းကို ကျော်လွန်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့ကဲ့သို့ သော အာရှ တိုက်၏ အဓိကဆန်တင်သွင်းသည့် နိုင်ငံများ၏ ဝယ်လိုအားများကြောင့် ဆန်တင်ပို့သူ  လုပ်ငန်းရှင်များမှာ ပမာဏများပြားသည့် ဆန်များ  ထပ်မံတင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းရကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအဖွဲ့အစည်းက ခန့်မှန်းထားသည်။ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အမေ ရိကတိုက်များမှ အဓိကဈေးကွက်ရှိရာ နိုင်ငံများတွင်လည်း ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်ကာလအတွက် အရန်ဆန်သို လှောင်ထားရှိရန်နှင့် ထိုနိုင်ငံများတွင် ဆန်ထုတ်လုပ်မှုလျှော့ချ ခြင်းတို့ကို ပြန်လည်အစားထိုးရန်အတွက် ဆန်ဖြူ၊ ကောက် ညှင်းဆန်နှင့် ဆန်မွှေးဝယ်လိုအား မြင့်တက်လာမည်ဟု မျှော် လင့်ရကြောင်း သိရသည်။       

Source : Bangkok Post

မြသူ (DOCA YGN)