Main menu

Background

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ တင်ပို့မှု စံချိန်တင်မြင့်တက်

Mon, 02/05/2024 - 09:57 -- journal_editor

ပြည်ပဈေးကွက်များတွင် တရုတ် နိုင်ငံ၏ စွမ်းအင်သစ်သုံး  မော်တော် ယာဉ် (NEV) များ  တစ်ရှိန်ထိုးနာမည် ကျော်ကြားလာမှုကြောင့် တရုတ်နိုင်ငံ ၏မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ သည် (NEV) ၁ဒသမ၂ သန်း တင်ပို့ခဲ့ ပြီး ၂၀၂၂ ခုနှစ်ကထက် ၇၇ ဒသမ၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ် နိုင်ငံ   မော်တော်ကားထုတ်လုပ်သူ အသင်း အဆိုအရ သိရသည်။  ၎င်းပမာ ဏသည် လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ မော်တော်ကားတင်ပို့မှု၏ ၂၄  ရာခိုင် နှုန်းရှိကြောင်း သိရသည်။ တရုတ်ကား ကုမ္ပဏီ  BYD သည်  ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်ကာလတွင် လျှပ်စစ် စွမ်းအင်သုံး မော်တော်ယာဉ်ရောင်းချမှု ၌ ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ ဖြစ်လာ သည်။ တရုတ်နိုင်ငံ     မော်တော်ကား ထုတ်လုပ်သူအသင်း၏  လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ချန်ရွှိ ဟောင်က  တရုတ်နိုင်ငံသည်  ၂၀၂၄ ခုနှစ်တွင် နြဠ ၅ဒသမ၅ သန်း တင်ပို့ နိုင်ရန် မျှော်လင့်ထားပြီး ဘယ်လ်ဂျီယံ၊ ထိုင်းနှင့်  ဗြိတိန်တို့သည်  တရုတ်နိုင်ငံ၏ ထိပ်ဆုံး ပြည်ပဈေးကွက် သုံးနိုင်ငံဖြစ် ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လောင်စာစွမ်းအင်သုံး မော်တော်ယာဉ် တင်ပို့မှုမှာ အဓိကနေရာတွင် တည်ရှိ နေသော်လည်း  NEV  တင်ပို့မှုသည် တရုတ်နိုင်ငံ   မော်တော်ကားတင်ပို့မှု ကြီးထွားလာရန်အတွက် အဓိက တွန်း အားအဖြစ် တည်ရှိနေကြောင်း ပြော ကြားခဲ့သည်။

Source : Bangkok Post
မြသူ(DOCA YGN)