အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတော်ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ (Bulog)၏ စီမံခန့်ခွဲမှုဖြင့် အရန်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် ဆန် တန်ချိန် ၁ဒသမ၆သန်း ထပ်မံတင်သွင်းရန် အစိုးရ အနေဖြင့် ပြင်ဆင်လျက်ရှိသည်ဟု အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ Bapanas)က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အရန်ဆန်ထားရှိရန် အမှန်တကယ် လိုအပ် ချက်မှာ တန်ချိန် ၃သန်းဖြစ်ပြီး Bulogတွင် အနည်း ဆုံး ဆန်တန်ချိန် ၁ ဒသမ ၂ သန်း ထားရှိနိုင်အောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန် ထားကြောင်းBapanas၏ အကြီးအကဲဖြစ်သူArief Prasetyo Adi က ဂျကာတာရှိ သမ္မတအိမ် တော်၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့ သည်။ အစိုးရသည် နိုင်ငံတော် အရန်ရိက္ခာဆန် အတွက် ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ခွဲတမ်း ချထားပြီး ၎င်းခွဲတမ်းအရ တင်သွင်းသည့်ဆန်သည် တန်ချိန် ၅သိန်းသာရှိသေးကြောင်း၊ နိုင်ငံ၏နေရာ ဒေသများစွာ၌ ရိတ်သိမ်းအခြောက်လှန်းပြီးသော စပါး ၁ ကီလိုဂရမ်လျှင် အင်ဒိုနီးရှားရူပီးငွေ ၈၀ဝ၀ မှ ၈၆၀ဝ အတွင်းရှိသော ဈေးနှုန်းဖြင့် လယ်သမား များက ရောင်းချလျက်ရှိရာ လက်ရှိကာလတွင် ဆန်ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် အင်ဒိုနီးရှား ရူပီးငွေ ၁၆၀ဝ၀ (၁.ဝ၂ အမေရိကန်ဒေါ်လာ) အထက်ရှိကြောင်းမြ. ဗိင ၏အဆိုအရ သိရသည်။
အင်ဒိုနီးရှားအစိုးရသည် စားနပ်ရိက္ခာ ထောက်ပံ့ရေးနှင့်ဈေးနှုန်းတည်ငြိမ်ရေးအစီအစဉ် မှတစ်ဆင့် ပြည်သူလူထုထံသို့ ဆန်တန်ချိန် ၂၅၀ဝ၀ဝ ကို အမြင့်ဆုံးလက်လီဈေးနှုန်းသတ်မှတ် ချက်ဖြင့် ရောင်းချပေးရန် ကြူသါ အား တာဝန် ပေးအပ်ထားသည်။ ထို့အပြင် ၅ ကီလိုဂရမ်ဝင် ဆန်အိတ်များကို ထုပ်ပိုး၍ လက်လီအရောင်းဆိုင် များနှင့် သမားရိုးကျဈေးများသို့ အမြောက်အမြား ဖြန့်ဖြူးပေးရန် ဆန်စက်လုပ်ငန်းရှင်များအား အစိုးရ က တိုက်တွန်းထားသည်။
DHTSN, DOCA
Source ; Vietnam Plus 27 Feb 2024,