Main menu

Background

ဆန်မျိုးကွဲ အချို့အတွက်HSN codes အသစ်များတီထွင်ရန် အိန္ဒိယ ကြိုးပမ်း

Mon, 03/04/2024 - 12:07 -- journal_editor

အိန္ဒိယနိုင်ငံတွင် ပြည်သူများ အစဉ်အလာအားဖြင့် စားသုံးလေ့ မရှိ သော ဆန်မျိုးကွဲအချို့ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုး တက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဆန်နီ (Red Rice)၊ ငချိတ်ဆန် Black Rice) နှင့် ကာလာနာမက်ဆန် Kalanamak Rice) ဟုခေါ်ဆိုသည့် စပါးခွံ အမည်းဆန်ကဲ့သို့သော ပထဝီ ကုန်အညွှန်းအမှတ်အသားGI))များရှိ သည့် ဆန်မျိုးကွဲများအတွက် သီးခြားHSN codesများကို  တီထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနမှ   တွဲဖက်အတွင်းဝန်Rajesh Agarwal  က ပြည်တွင်း၌ ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲပေါင်း ၄၀ မှ ၅၀ ခန့်ရှိကြောင်း၊ အစိုးရက ဆန်တင်ပို့မှုကို ပိတ်ပင်ချိန်၌Sona Masuri Govind Bhog  ၊Kalanamak  သို့မဟုတ် ဘာစမာတီမဟုတ်သော သာမန် ဆန်ဖြူတို့ကဲ့သို့သော ဆန်မျိုးကွဲများအားလုံးအပေါ်  အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ကြောင်း၊ ဆန်မျိုးကွဲအချို့အတွက်HSN codeအသစ် တီထွင် သတ် မှတ်ရန် ဆောင်ရွက်ရခြင်းမှာ ဆန်လုပ်ငန်းနယ်ပယ်၏  တောင်းဆိုမှုကြောင့် ဖြစ်ပြီး သက်ဆိုင်သူများအားလုံးများနှင့်    အသေးစိတ်ဆွေးနွေးပြီးပါက အဆိုပါကိစ္စအတွက် ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံအတွင်း အဓိကစားသုံးသည့် သာမန် ဆန်မျိုးကွဲများကို လယ်သမားများက ဆက်လက် ထုတ်လုပ်စေရန် မက်လုံးများပေး၍ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 
လက်ရှိကာလတွင်အိန္ဒိယနိုင်ငံ၌ဘာစမာတီမဟုတ်သော ဆန်အတွက်HSN code ၆ မျိုးနှင့် ဘာစမာတီ ဆန်အတွက်HSN code တစ်မျိုးရှိကြောင်း သိရသည်။ ၂၀၂၄ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုအပေါ် ပင်လယ်နီ အကျပ်အတည်း ရိုက်ခတ်မည်ဟု ခန့်မှန်းရသဖြင့် ယခုကဲ့သို့ ဆောင်ရွက်မှု သည် အရေးပါလာခြင်းဖြစ်သည်။ အစိုးရက ဆန်၊ သကြားနှင့် ဂျုံတို့တင်ပို့မှု အပေါ် ကန့်သတ်ပိတ်ပင်ခဲ့သဖြင့် အိန္ဒိယ၏ လယ်ယာထွက်ကုန် တင်ပို့မှုမှာ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၂၂ သန်း တင်ပို့ခဲ့ပြီး ယခုနှစ်တွင်မူ ဆန်တင်ပို့ ရန် ပိုလျှံ မှုရှိ/မရှိ သေချာရေရာမှုမရှိသဖြင့်  ဘာစမာတီ မဟုတ်သောဆန်ကို တင်ပို့သွားမည် မဟုတ်ကြောင်း သိရသည်။                                  

    Dr. MMH, DOCA
Source: Economic Times, 13 February 2024