Main menu

Background

ကမ္ဘောဒီးယား ဆန်မွှေးကို တိုးမြှင့်ဝယ်ယူရန် သြစတြေးလျ ကုမ္ပဏီအုပ်စု စီစဉ်

Mon, 04/01/2024 - 11:46 -- journal_editor

သြစတြေးလျနိုင်ငံသို့   ဈေးကွက်ချဲ့ထွင်မှုအပြင်  ကမ္ဘော ဒီးယား၏ ပို့ကုန်အခွင့်အလမ်းများကိုလည်း တိုးမြင့်စေနိုင်မည် ဖြစ်သော  ကမ္ဘောဒီးယား စံပယ်မွှေးဆန်များ ပိုမိုတင်သွင်းမည့်SunRice Group ၏ အစီအစဉ်အပေါ်  ကမ္ဘောဒီးယား ဆန်စပါးလုပ် ငန်းရှင်များက အပြုသဘောရှုမြင်လျက်ရှိကြကြောင်း သိရှိရသည်။  
မတ် ၄ ရက်မှ ၆ ရက်အထိ   ကျင်းပသည့် အာဆီယံ-သြစတြေးလျ  အထူးထိပ်သီးအစည်းအဝေး၏ ပြင်ပ၌ ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်နှင့် သီးခြားတွေ့ဆုံမှုတစ်ရပ်တွင် ှကညျွငခန ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Paul Serra  က အဆိုပါ အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သြစတြေးလျနိုင်ငံ၌ ထိပ်တန်းစားသောက်ကုန် တင်သွင်း သည့် ကုမ္ပဏီဖြစ်သည့်SunRice သည် အမေရိကန်၊ ဥရောပ၊ အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအပါအဝင် နေရာ ဒေသ အနှံ့အပြားသို့ ပို့ကုန်များ တင်ပို့လျက်ရှိသည်။ 
ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ရွေးချယ်ထားသော  ဒေသများမှ အာဟာရပြည့်ဝပြီး အရသာ ကောင်းမွန်သော ဆန်များကို ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း၊ ၎င်းတို့၏SunRice ကမ္ဘောဒီးယား စံပယ်ဆန်သည် သင်းပျံ့သည့် ရနံ့၊ နူးညံ့ပျော့ပျောင်းသော အရသာတို့ဖြင့် ကျော်ကြားမှု ရှိကြောင်း၊ အဆိုပါ အကောင်းဆုံး ဆန်အမျိုးအစားတွင် ဆန်လုံး ရှည်၊ လုံးသွယ်ဆန်နှင့် ဆန်မွှေးစသည့်   အမျိုးအစားတို့ ပါဝင် ကြောင်းဖြင့်SunRice ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ Amru Riceကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှု  ဆောင်အရာရှိချုပ်ဖြစ်သူ Song Saran က ဆန်မွှေးအတွက် အဓိက အရေးပါသော သြစတြေးလျဈေးကွက်သည် ကြီးထွားလာနိုင် သည့် အလားအလာရှိကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်   SunRice မှ အမှုဆောင်အရာရှိတစ်ဦးတို့၏ တွေ့ဆုံမှုသည် ကမ္ဘောဒီးယား ဆန်မွှေး   အမျိုးအစားများအတွက် အပြုသဘောဆောင်သော လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ သြစတြေးလျသည် ဆန်မွှေးအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး ပို့ကုန်တိုးချဲ့ရန်အတွက် ကြီးမား သည့် အခွင့်အလမ်းကောင်း  တစ်ခုပေးလျက်ရှိကြောင်း၊ လာမည့် အစည်းအဝေးတွင် ဆန်မွှေးဝယ်ယူမည့် အစီအစဉ်များနှင့်စပ်လျဉ်း ၍ SunRice နှင့် ဆွေးနွေးရန်ရှိကြောင်းဖြင့်  Phnom Penh Post  သို့ ပြောကြားခဲ့သည်။ 
ယခင်နှစ်တွင်Amru Rice  ကုမ္ပဏီသည် သြစတြေးလျ ဝယ် လက်များမှ မှာယူသော ဆန်မွှေးကွန်တိန်နာ ၁၀ လုံးအနက် နှစ်လုံး အား တင်ပို့ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လ အစော ပိုင်း တွင် စီးပွားရေးကြံ့ခိုင်စွာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘောဒီးယား-သြစ တြေးလျ မိတ်ဖက်အဖွဲ့ (Cambodia Australia Partnership for Resilient Economic Development - CAPRED သည် ကမ္ဘောဒီးယား စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးခရီးစဉ်ကို စီစဉ်ခဲ့ သည်။
Amru Riceအနေဖြင့် ၎င်းလေ့လာရေးခရီးမှ ရရှိခဲ့သော အသိပညာ၊ အတွေ့အကြုံနှင့် အခွင့်အလမ်းများမှတစ်ဆင့် မဟာ ဗျူဟာနှင့် စီမံချက်ကို ရေးဆွဲခဲ့ကြောင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ရန် နှင့် မိမိနိုင်ငံ၊ မိမိကုမ္ပဏီနှင့် ကမ္ဘာ့စားနပ်ရိက္ခာစနစ်တို့ကို အကျိုး ဖြစ်ထွန်းစေရေးအတွက်  စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်များ၏ စွမ်းဆောင်ရည်ကို မြှင့် တင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်းဖြင့် အဆိုပါကုမ္ပဏီက ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF)) သည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၄၆၆ သန်းရှိသော ကြိတ်ခွဲပြီး ဆန် ၆၅၆၃၂၃ တန်အား ပြည်ပသို့ တင်ပို့ခဲ့ရာ ၂၀၂၂ ခုနှစ်၌ တင်ပို့ မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၃ရာခိုင်နှုန်းနှင့်  ပမာဏအား ဖြင့် ၃ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင် ၆၃ ဦးက ပြည်ပနိုင်ငံပေါင်း ၆၁ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။ 
ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁ဒသမ၃၂ ဘီလီယံ ခန့် တန်ဖိုးရှိသော စပါးတန်ချိန် ၄၃၈၇၃၆၃ တန်ကိုလည်း တင်ပို့ ခဲ့ပြီး ယခင်နှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၅၆ ဒသမ ၆၉ ရာခိုင်နှုန်းနှင့်  ပမာဏအားဖြင့် ၂၆ဒသမ ၅ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ယစ်မျိုးဌာန၏ အချက် အလက်များအရ သိရသည်။

Source: Phnom Penh Post 
 DPTM, DOCA