Main menu

Background

၂၀၂၄ ခုနှစ် မေလအတွင်း ဆန်တန်ချိန် သုံးသိန်း တင်သွင်းနိုင်ရန် အင်ဒိုနီးရှား ကြိုးပမ်း

Mon, 04/01/2024 - 11:48 -- journal_editor

အင်ဒိုနီးရှားနိုင်ငံရှိ   အစိုးရဝယ်ယူရေး အေဂျင်စီဖြစ်သောBulog အဖွဲ့သည် ဆန်တန်ချိန် သုံးသိန်းကို  အင်ဒိုနီးရှားဆိပ်ကမ်းသို့ ယခုနှစ် မေ ၃၁ ရက်အရောက် ဝယ်ယူတင်သွင်းနိုင်ရေး ကြိုး ပမ်းလျက်ရှိ ကြောင်းသိရသည်။ 
Bulog အဖွဲ့သည် ဆန်တန်ချိန် သုံးသိန်း ဝယ်ယူမည့် နိုင်ငံတကာတင်ဒါအတွက် မတ် ၂၀ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်စာရင်းပေးသွင်း ရန် မတ် ၁၈ ရက်တွင်  ဖိတ်ခေါ်ခဲ့သော်လည်း အသေးစိတ်  အချက်အလက်များ ဖော်ပြခြင်းမရှိ ကြောင်း၊ တင်ဒါတွင်ပါဝင်ရန် ကုန်သည်များက စာရင်းပေးသွင်းပြီးမှသာ ရှင်းလင်းပြောဆိုမည်ဖြစ် ကြောင်း၊  မှတ်ပုံတင်ထားသည့်  တင်ဒါယှဉ်ပြိုင် မည့်သူသည် မတ် ၂၅ရက်တွင် ဈေးနှုန်းကမ်းလှမ်း ချက်ကို ပေးပို့မည်ဖြစ်ကြောင်း၊ တင်ဒါအပြီးသတ် ရွေးချယ်သည့် ဆုံးဖြတ်ချက်ကို မတ် ၂၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
ပြည်တွင်း၌ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့ပြီးနောက် ဈေးနှုန်းများ မြင့်တက်မှုကို လျှော့ချနိုင်ရန်အတွက်  အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတကာ ဆန်အဝယ်တင်ဒါများကို ဆက်တိုက် ခေါ်ယူလျက်ရှိသည်။  ယခင်နှစ်  အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရာသွန်းမှုနည်းပါး လျက် ဆန်စပါးထွက်ရှိမှု ကျဆင်းခဲ့ရာ ဆန်ဈေး နှုန်းများမှာ ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ဈေးနှုန်းဖောင်းပွမှု ဖိအားများကို ကြုံတွေ့လာရ ခြင်းဖြစ်သည်။
အင်ဒိုနီးရှားအနေဖြင့် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့်  ကမ္ဘောဒီးယားတို့ထံမှ ဆန်ကွဲ ၅ရာခိုင်နှုန်း ပါဝင်သော ဆန်ဖြူများကို ဝယ်ယူရရှိရန်  မျှော်လင့်ထားကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်ထွက် သီးနှံအား တင်ပို့ခြင်းမပြုမီ ခြောက်လအတွင်း ကြိတ်ခွဲထားသည့် ဆန်များဖြစ် ရန်လိုအပ်ကြောင်း၊ ၅၀ ကီလိုဂရမ်ဝင် အိတ်များ ဖြင့် ထုပ်ပိုးထားရှိရမည်ဖြစ်ကြောင်း၊ ဝမ်းပုံစနစ် ဖြင့် သင်္ဘောတင်ပို့မှုကို လိုလားသော်လည်း အချို့ သော ဆိပ်ကမ်းများသို့ ဆိုက်ရောက် မည့်ဆန်များ အား ကုန်သေတ္တာဖြင့် တင်ပို့ခြင်းကိုလည်း ခွင့်ပြု မည်ဖြစ်ကြောင်း သိရှိရသည်။
နောက်ဆုံးအကြိမ်  ဆန်တန်ချိန် သုံးသိန်း ကို ဝယ်ယူခဲ့သော တင်ဒါအတွက် မတ် ၁ ရက်တွင်Bulog အဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာအရ ဆန်ပမာဏ အများစုကို ထိုင်းနိုင်ငံထံမှ ဝယ်ယူ ခဲ့ပြီး ကျန်ပမာဏ အချို့အဝက်ကို ပါကစ္စတန်ထံမှ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: NASDAQ
DHTSN, DOCA