Main menu

Background

ဒူဘိုင်းတွင် လွတ်လပ်သောစီးပွားရေးဇုန်များဆွေးနွေးပွဲပြုလုပ်

Mon, 04/01/2024 - 11:55 -- journal_editor

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်း မြို့ရှိ လွတ်လပ်စွာ ကုန်သွယ်နိုင်သော စီးပွားရေး ဇုန်များကောင်စီ DFZC ၏ (၂၆) ကြိမ်မြောက် ကောင်စီအစည်းအဝေးတွင် ဒူဘိုင်း၏ စီးပွားရေး အား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ရာတွင်(DFZC)၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့် တင်ပေးမည့် စွမ်းဆောင်ရည်  ညွှန်းကိန်းများကို ဖော်ထုတ်ရန်   ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။ 
ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆိုပါ လွတ်လပ် သာ စီးပွားရေးဇုန်များသည် ဒူဘိုင်းအား ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင် မှုအရှိဆုံးနေရာများထဲမှ   တစ်ခုဖြစ်လာစေရန် ပံ့ပိုးပေးခဲ့ပြီး လွတ်လပ်သော  စီးပွားရေးဇုန်များ မော်ဒယ် ၂၀၃၀ (Free Zones Model 2030)) ကို ဖော်ထုတ်၍ မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း၊ လာမည့် ၁၀ နှစ်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်း၊ ကုမ္ပဏီများ တည်ထောင်ခြင်း၊ တိုးချဲ့ခြင်းနှင့် တိုးတက်လာမှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် ဒူဘိုင်း၏စီးပွားရေးပမာဏကို နှစ်ဆတိုးစေရန် ရည်ရွယ် သည့် ဒူဘိုင်းစီးပွားရေးအစီအစဉ်D33 ၏ ရည် မှန်းချက်များကို ပံ့ပိုးပေးလျက်ရှိကြောင်း ကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဒူဘိုင်း၏ဦးဆောင်မှုကို အခွင့်အလမ်းတစ် ရပ်အဖြစ်မြှင့်တင်ရန်နှင့် ဆန်းသစ်သောစိတ်ကူး စိတ်သန်းများနှင့် အောင်မြင်မှု ဂုဏ်သတင်းများကို လှုံ့ဆော်ပေးရန်အတွက်  ကမ္ဘာ့စီးပွားရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် ဒူဘိုင်း၏ လွတ်လပ်သောဇုန်များ မော်ဒယ်ကို ဆက်လက် ဖော်ဆောင်သွားရန်  ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက  ထပ်လောင်းပြောကြားခဲ့သည်။ ကောင်စီ အဖွဲ့ဝင်များမှ ဒူဘိုင်း၏  ယှဉ်ပြိုင်နိုင်စွမ်းနှင့် စီးပွားရေး  အောင်မြင်မှုကို တွန်းအားပေးရန် အတွက်DFZC မှ ဆောင်ရွက်ခဲ့သည့်  လွတ်လပ် သော စီးပွားရေးဇုန်များမော်ဒယ် ၂၀၃၀ ၏ ဖွံ့ဖြိုး  တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။
DFZC သည် လွတ်လပ်သော စီးပွားရေးဇုန် များရှိ စီးပွားရေးလုပ်ငန်း  အဖွဲ့အစည်းများအား အချိန်နှင့်တစ်ပြေးညီ အချက်အလက်များအားပေး ဆောင်မည့် ယန္တရားတစ်ရပ်ကို ဖွံ့ဖြိုးတိုးတက် စေရန်၊ လုံခြုံ စိတ်ချရမှုနှင့် သင့်လျော်သော စီမံ ခန့်ခွဲမှုကိုအာမခံစေပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း ကိုအရှိန်မြှင့်ဆောင်ရွက်သွားရန်ကိုလည်း အတည် ပြုခဲ့သည်။
လွတ်လပ်သော ဇုန်များတွင် စီးပွားရေး လုပ်ဆောင်မှုများ၏   စွမ်းဆောင်နိုင်မှုကို တစ်မု ဟုတ်ချင်းနှင့်  ကျယ်ကျယ်ပြန့်ပြန့်  ထိုးထွင်းသိ မြင်နိုင်စေရန်အတွက် အချက်အလက်များအား  ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စီးပွားရေးစွမ်းဆောင်ရည်  စောင့်ကြည့်ခြင်းများမှတစ်ဆင့် သတင်းအချက် အလက် စီမံခန့်ခွဲမှု၏ ထိရောက်မှုအပေါ် မြှင့်တင် ပေးလျက်ရှိသည်။
အဆိုပါကောင်စီသည် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အရောင်းအဝယ်လုပ် ထုံးလုပ်နည်းများကို   လွယ်ကူချောမွေ့စေမည့် ဥပဒေမူကြမ်းတစ်ခု၏   နောက်ဆုံးဖြစ်ပေါ်တိုး တက်မှု အခြေအနေများနှင့်ပတ်သက်၍ ဒူဘိုင်း၏စီးပွားရေးကို    ဆွဲဆောင်မှုအားကောင်းစေရန် အရည်အချင်းရှိသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းများ၊ ှနြလုပ်ငန်းများနှင့်  နိုင်ငံတကာစီးပွားရေး လုပ်ငန်းတို့အတွက် လိုက်လျောညီထွေမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးရန်နှင့် အကောင်း ဆုံးစံနှုန်းများကို ကျင့်သုံးရန်အတွက် ဒူဘိုင်းလွတ် လပ်သော စီးပွားရေးဇုန်များ၏ အခန်းကဏ္ဍကို အားကောင်းစေသော ဘဏ္ဍာရေးဆိုင်ရာလှုပ်ရှား မှုအဖွဲ့ (FATF ၏ ဆက်စပ်သောစွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ်တွင်လည်း ဆွေးနွေးခဲ့ကြသည်။
ကောင်စီသည်  အထူးပြုကော်မတီများနှင့် ဒူဘိုင်းလိုင်စင်၊ လွတ်လပ်သော စီးပွားရေးဇုန်များ ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ၊ စောင့်ကြည့်လေ့လာခြင်းများအပါအဝင် ကောင်စီ ၏ ကြီးကြပ်မှုအောက်တွင်   ဆောင်ရွက်ခဲ့သော ၂၀၂၃ ခုနှစ် စီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံချက်များအား ပြန်လည်သုံးသပ်ခဲ့သည်။ စွမ်းအင်လိုအပ်ချက်၊ ငွေကြေးခဝါချမှုကို တုံ့ပြန် ခြင်းနှင့်  လွတ်လပ်သော  စီးပွားရေးဇုန်များရှိ ဝန်ဆောင်မှုများအား အမည်သတ်မှတ်ခြင်းဆိုင်ရာ စံနှုန်းများတို့ကို  လွတ်လပ်သော စီးပွားရေးဇုန် အာဏာပိုင်များနှင့်   ဇုန်တစ်ခုစီရှိ   ကုမ္ပဏီများ အတွက်  ကော်ပိုရိတ်အခွန်  စည်းကြပ်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများအပါအဝင် အခြား စီမံကိန်းများ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ဆွေး နွေးခဲ့ကြသည်။
ဒူဘိုင်း၏ လွတ်လပ်သောစီးပွားရေးဇုန်များ ၏   အခန်းကဏ္ဍနှင့်  ဆောင်ရွက်လျက်ရှိသည့် ဘဏ္ဍာငွေများနှင့် ဆောင်ရွက်ပေးခဲ့သည့် ဘဏ္ဍာ ရေးအခြေအနေတို့ကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြ  သည်။

Source: emirates247.com
Nanda Soe Myint  
(Economic Counsellor Dubai)