Main menu

Background

ယူအေအီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကြက်သွန်နီတင်ပို့မှု အိန္ဒိယခွင့်ပြု

Mon, 04/01/2024 - 12:10 -- journal_editor

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမျိုးသားသမဝါယမ တင်ပို့မှုလီမိတက် NCEL) မှတစ်ဆင့်  ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တန်ချိန် ၅၀ဝ၀ဝ နှင့် ယူအေအီးသို့ တန်ချိန် ၁၄၄၀ဝ၊ စုစုပေါင်း တန်ချိန် ၆၄၄၀ဝ တင်ပို့ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 
ပို့ကုန်/ သွင်းကုန် လုပ်ထုံးလုပ်နည်းများသတ်မှတ်ရန် တာဝန်ရှိ သည့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် နိုင်ငံ ခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန DGFTက ယူအေအီး နိုင်ငံသို့ ကြက်သွန်နီ သုံးလတစ်ကြိမ်ဖြင့် အများဆုံးတန်ချိန် ၃၆၀ဝ ထိ၊ စုစုပေါင်း တန်ချိန် ၁၄၄၀ဝ တင်ပို့မှုကို အမျိုးသားသမဝါယမတင်ပို့မှုလီမိတက် (NCEL)) မှတစ်ဆင့် ခွင့်ပြုထားသည်ဟုUAE နိုင်ငံသို့ အကြောင်းကြားထား ကြောင်း အသေးစိတ်ဖော်ပြခဲ့သည်။ အိန္ဒိယသည် ပြည်တွင်းဈေးကွက် တည် ငြိမ်စေရန်ရည်ရွယ်၍ ကြက်သွန်နီတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ် ထားသော်လည်း အစိုးရက ယင်းနိုင်ငံများ၏ တောင်းဆိုချက်အပေါ်  ြွခင်း ချက်ဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ မည့် နည်းလမ်းများကို အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်းပြီး NCEL မှ ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 
ပြည်တွင်းဈေးကွက်အတွက် ကြက်သွန်နီ လုံလောက်မှုရှိစေရန်နှင့် ဈေးနှုန်းထိန်းချုပ်နိုင်ရန်ရည်ရွယ်၍  အိန္ဒိယအစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင် ဘာ ၈ ရက်မှ ယခုနှစ် မတ် ၃၁ ရက်အထိ  တင်ပို့မှု ပိတ်ပင်ထားပြီးနောက်  ဧပြီ ၁ ရက်မှစပြီး ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

မျိုးမြင့်မောင်
Source: ndtvprofit.com