Main menu

Background

ဆန်လက်ကျန် တန်ချိန် တစ်သန်းကျော်ရှိကြောင်း မလေးရှားအစိုးရပြော

Mon, 05/06/2024 - 11:51 -- journal_editor

မလေးရှားနိုင်ငံ၌ ဧပြီ ၈ ရက်အထိ အရန်ရိက္ခာ ဆန်တန်ချိန် ၂၉၀ဝ၀ဝ အပါအဝင် ဆန်လက်ကျန် စုစု ပေါင်းမှာ ၁၀၉၆၉၆၄ တန်ရှိပြီး ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ငါးလကျော်ကြာအထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မလေးရှား လယ်ယာ စိုက်ပျိုးရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြော ကြားချက်အရ သိရသည်။
အဆိုပါ ဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင်  သတင်း ထုတ်ပြန်ရာတွင် အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်ကို ပြည်သူလူထုသို့ လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်ဟု အာမခံချက်ပြုခဲ့သည်။ လက်ရှိကာလတွင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသောဆန်ဖြူ (BPT) များအား ဖြန့်ဖြူးမှုကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမျိုးသား လူနေမှု စရိတ် ရေးရာကောင်စီက ယခင်လတွင်  အပြီးသတ်အတည်ပြုခဲ့ သော ပြည်ပမှတင်သွင်းသည့်ဆန်ဖြူ (BPT) ၏ လက်လီ ဈေးနှုန်းကို ၁၀ ကီလိုဂရမ်ဝင် တစ်အိတ်လျှင် မလေးရှား ရင်းဂစ်နှစ်ဂစ်မှ  သုံးဂစ်အကြား လျှော့ချနိုင်ရေး အစီ အစဉ်ကိုလည်း  အကောင်အထည်ဖော် ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။
အစိုးရအနေဖြင့် ပြည်တွင်း၌ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် “Rice Wave initi- ative”  ခေါ် ဆန်စပါးလှိုင်း စီမံချက်၏ အစီအစဉ် (၁၂) ရပ်မှတစ်ဆင့် လုပ်ငန်းစဉ်အမျိုးမျိုးကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အစီအစဉ်များ အနက် အကြီးစား ခေတ်မီဆန်စပါးစိုက်ပျိုးရေး အစီအမံ အား  တိုးချဲ့ခြင်း၊ နှစ်နှစ်တာကာလအတွင်း ငါးရာသီ စပါးစိုက်ပျိုးမှုအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် စပါး စိုက်ခင်းများသို့ ဆည်ရေပေးဝေမှု အခြေခံအဆောက် အအုံများ အားကောင်းစေရန် ဆောင်ရွက်ခြင်းတို့ ပါဝင် ကြောင်း မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့်  စားနပ် ရိက္ခာဖူလုံရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
စားနပ်ရိက္ခာဖူလုံရေး  အစီအစဉ်ကို အကောင် အထည်ဖော်ရာတွင် အမျိုးသားစိုက်ပျိုးရေး အခြေခံ စားနပ်ရိက္ခာ မူဝါဒ ၂၀၂၁-၂၀၃၀ နှင့်အညီ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပြင် အခြားသော အာဟာရပြည့်ဝ ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုကိုလည်း မလေးရှား အစိုးရက တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးDatuk Seri Mohamad Sabu  ၏ ပြောကြားခဲ့မှုအရ မလေးရှားနိုင်ငံ၏ စပါးနှင့် ဆန်လုပ်ငန်းကို ပိုမိုထိရောက် ၍  ကြံ့ကြံ့ခံနိုင်သော  အဆင့်သို့ မြှင့်တင်ရန်အတွက် Rice Wave ပဏာမခြေလှမ်းကို ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနသည် စပါးနှင့် ဆန်လုပ်ငန်း ၏ အသွင်ကူးပြောင်းရေး ပြောင်းလဲမှု အစပျိုးအဖြစ် အကောင်အထည်ဖော်ရမည့် အစီအစဉ် ၁၂ ခုကို ရေးဆွဲ ထားပြီး အသိအမှတ်ပြု လက်မှတ်ရ စပါးမျိုးစေ့ထုတ် လုပ်မှု  ဆွဲဆောင်ရေး  မူဝါဒသစ် တစ်ရပ်ကိုလည်း မိတ် ဆက်ထားကြောင်း သိရသည်။

Source: The Edge Malaysia, 8 April 2024
 DPTM, DOCA