Main menu

Background

၀ယ်လိုအားများ မြင့်တက်လာခြင်းကြောင့် အိန္ဒိယမှ ဘာစမာတီဆန်များ တင်ပို့မှု တိုးမြင့်လာ

Tue, 08/06/2024 - 16:01 -- journal_editor

အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန် တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေး နှစ်၏ နှစ်လအတွင်း ဆော်ဒီအာရေဗျ နှင့် အီရတ်တို့ကဲ့သို့သော အနောက် အာရှမှ ဝယ်လိုအားများ တိုးမြင့်လာ ခြင်းကြောင့် ၁၃ ရာခိုင်နှုန်းခန့် တင်ပို့မှု များ တိုးမြင့်လာခဲ့သည်။
ဆော်ဒီအာရေးဗျ  နိုင်ငံသည် ဆန်တန်ချိန်  ဒသမ ၁၈ သိန်းကျော်ဖြင့် ဝယ်လိုအား အများဆုံးနိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဝယ်ယူတင်သွင်း ခဲ့သည့် ဆန်တန်ချိန် ၁ ဒသမ ၅၄ သိန်း ထက် ၄၁ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ် သည်။ ငွေတန်ဖိုးအရ အိန္ဒိယမှ ဆော်ဒီ အာရေးဗီးယားသို့ တင်ပို့မှုသည် လွန်ခဲ့ သည့်နှစ်က တန်ဖိုး‌ဒေါ်လာ ၁၇၇ သန်း သို့ ၁၈ ရာခိုင်နှုန်း  တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။
အလားတူပင် ဒုတိယအများဆုံး ဝယ်ယူသော အီရတ်နိုင်ငံသို့ ဘာစမာ တီဆန်များ  တင်ပို့မှုသည် တန်ချိန် ၁ ဒသမ  ၅၇ သိန်းရှိပြီး ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်း  တိုးလာခဲ့သည်။  ငွေ တန်ဖိုးအားဖြင့်   လွန်ခဲ့သောနှစ်၏ အလားတူကာလက အီရတ်သို့တင်ပို့ခဲ့ သော တန်ဖိုး ဒေါ်လာ ၁၃၀ဒသမ၈၄ သန်းမှ ဒေါ်လာ ၁၆၁ ဒသမ ၇၂ သန်း သို့ ၂၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။
အီရန်နိုင်ငံမှာ   အိန္ဒိယနိုင်ငံမှ တတိယအများဆုံးဝယ်ယူသော နိုင်ငံ ဖြစ်သည်။ သို့သော် အီရန်နိုင်ငံသို့ တင် ပို့မှုမှာ လွန်ခဲ့သောနှစ်ကတင်ပို့ခဲ့သော ဆန်တန်ချိန် ၁ ဒသမ ၅၃ သိန်းမှ ၁ ဒသမ ၁၆ သိန်းသို့  ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ တန်ဖိုးအား ဖြင့် အီရန်သို့ ဘာစမာတီဆန်တင်ပို့မှု သည် ဒေါ်လာ ၁၅၅ သန်းမှ ဒေါ်လာ ၁၁၅ ဒသမ ၅၃ သန်းသို့ ၂၅ ရာခိုင်နှုန်း ခန့် လျော့နည်းသွားခဲ့သည်။
အမေရိကန်နိုင်ငံမှာ   စတုတ္ထ အများဆုံးဝယ်ယူသော   နိုင်ငံဖြစ်ပြီး ဆန်တန်ချိန် ၄၆၅၆၅ တန်  တင်ပို့နိုင် ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၃ ရာခိုင် နှုန်း တိုးလာခဲ့သည်။  တန်ဖိုးအားဖြင့် ဒေါ်လာ ၄၁ ဒသမ ၄၇ သန်းမှ ဒေါ်လာ သန်း ၆၀ သို့ ၄၅ ရာခိုင်နှုန်း တိုးလာခဲ့ သည်။
အိန္ဒိယနိုင်ငံသည်   ကမ္ဘာပေါ် တွင် ဘာစမာတီဆန် အများဆုံးထုတ် လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။ ပြီးခဲ့ သည့်   ၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် ဘာစမာတီဆန်များတင်ပို့မှုသည် တန် ချိန် ၅ ဒသမ ၂၄ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး  ပမာဏအားဖြင့် ၁၅ ရာခိုင်နှုန်း  တိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅ ဒသမ ၈၃ ဘီလီယံကျော် လွန်ခဲ့သည်။ အနောက်အာရှနိုင်ငံများ သည် အိန္ဒိယ၏  ဘာစမာတီဆန်ကို အများဆုံးဝယ်ယူသော နိုင်ငံများဖြစ်ပြီး တင်ပို့ရောင်းချမှု၏   သုံးပုံတစ်ပုံခန့်ရှိ သည်။
Source: thehinduburinessline

ဟန်ကိုကျော် DOCA Yangon)