Main menu

Background

တရုတ် လျှပ်စစ်ကားကုမ္ပဏီGAC AION ထိုင်းနိုင်ငံတွင် စက်ရုံဖွင့်လှစ်

Tue, 08/06/2024 - 16:06 -- journal_editor

GAC Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် တရုတ် လျှပ်စစ်ကားထုတ်လုပ်သည့်GAC Aion သည် ထိုင်းနိုင်ငံတွင် ပထမ ဆုံးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး လျင်မြန်စွာကြီးထွားလာသည့် လျှပ်စစ် ကားဈေးကွက်အတွက် ဒေသအတွင်း အဓိကတင်ပို့ရာနှင့် တပ်ဆင် ရာ အချက်အချာနေရာအဖြစ် အသုံးပြုသွားမည်ဟု သိရသည်။
GAC Group  ၏ ဥက္ကဋ္ဌ Zeng Qinghong က ၎င်းတို့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုကို  ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်ကားစက်မှုလုပ်ငန်း ဗဟိုချက်အဖြစ် မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။ စက်ရုံကို ဘန်ကောက်မြို့ အရှေ့ဘက် ၁၁၂ မိုင်အကွာရှိRayong   စီရင်စုရှိ စက်မှုဇုန်တွင် တည်ဆောက်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ်များစွာတိုင်အောင် ဒေသတွင်းကားထုတ်လုပ်ရာ အချက် အခြာဖြစ်ခဲ့ပြီး ဂျပန်ကားထုတ်လုပ်သည့်   Toyota Motor  နှင့်   Isuzu Motor  တို့က လွှမ်းမိုးထားကြောင်း သိရသည်။ သို့သော် တရုတ် လျှပ်စစ်ကားထုတ်လုပ်သူများ၏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံရင်းနှီးမြှုပ်နှံမှု  ဝင်ရောက်လာခြင်းသည် ဂျပန်ကုမ္ပဏီများကို စိန်ခေါ်လျက်ရှိပြီး ထိုင်းနိုင်ငံမှ သုံးစွဲသူများကလည်း အစိုးရ၏ထောက်ပံ့မှု၊ အခွန်သက်သာခွင့်တို့ကြောင့် လျှပ်စစ်များကို လျင်မြန် စွာ အစားထိုးသုံးစွဲလာကြောင်း သိရသည်။ 
ထိုင်းအစိုးရကလည်း ၂၀၃၀ ပြည့်နှစ်တွင် ၎င်းတို့၏ နှစ်စဉ် ကားထုတ်လုပ်မှုပမာဏ ၂ ဒသမ ၅ သန်း၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။  ွဗဃ ဗငသည ၏ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ဝ၃ သန်း ရင်းနှီးထားသည့် စက်ရုံသည် နှစ်စဉ် ကားအစီးရေ  ၅၀ဝ၀ဝ ထုတ် လုပ်နိုင်စွမ်းရှိ ကြောင်း ထိုင်းနိုင်ငံ စက်မှုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားတွင် ပြော ကြားခဲ့သည်။
 GAC Aion၏ အရှေ့ တောင်အာရှ  မန်နေဂျင်းဒါရိုက်တာ ြေ ံငေပညေါ က ၎င်းတို့သည် အလေအလွင့်နည်းပါးရန်နှင့် ကုန်ကျ စရိတ် လျှော့ချရန် ဗှု နည်းပညာအသုံးပြု၍ လျင်မြန်စွာ ထုတ်လုပ် သွားမည်ဟု ပြောကြားခဲ့သည်။

Source: Bangkok Post,

မြသူ(DOCA Yangon)