ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးSok Chenda Sophea သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်သူ Iwaya Takeshi နှင့် အောက်တို ဘာ ၂၁ ရက်တွင် အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဒုတိယဝန်ကြီးချုပ်သည် Iwaya Takeshiအား ခေါ်ယူတွေ့ဆုံစဉ် ၎င်း၏ဝန်ကြီးရာထူး ခန့်အပ်ခံရမှုအပေါ် ဝမ်းမြောက်ကြောင်းပြောကြား ခဲ့သည်။ ဝန်ကြီးများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအပေါ် ကျေနပ်အားရ ကြောင်းဖော်ပြခဲ့သည်။
ဒုတိယဝန်ကြီးချုပ်က ကမ္ဘောဒီးယားငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ဂျပန် နိုင်ငံ၏ အရေးပါသော ပံ့ပိုးကူညီမှုအား ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုအတွက် ဂျပန်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
Iwaya Takeshi က ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် လုံခြုံ ရေး၊ သတ္တုတူးဖော်ရေးနှင့် ချိတ်ဆက်မှုတို့တွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် သွားရန် ကတိပြုခဲ့ပြီး နှစ်နိုင်ငံဝန်ကြီးများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ် များကိုလည်း ထပ်မံဆွေးနွေးခဲ့ကြသည်။
Source : Khmer Time
ချစ်လင်ဦး (DOCA YGN)