ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးမှုကြောင့် ဆန် မက် ထရစ်တန်ချိန် ၁ ဒသမ ၁ သန်းခန့် ပျက်စီးခဲ့ပြီး စားသောက် ကုန် ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရာ အဓိကစားသုံးကုန် ဖြစ်သော ဆန်တင်သွင်းမှုကို မြှင့်တင်ရန် အကြောင်းတရားဖြစ် ပေါ်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
သြဂုတ်လနှင့် အောက်တိုဘာလအတွင်း မိုးသည်းထန် စွာ ရွာသွန်းခြင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူ ၇၅ ဦးထက်မနည်း သေဆုံးကာ လူဦးရေ သန်းပေါင်းများစွာကို ထိခိုက်လျက်ရှိပြီး အထူးသဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် သီးနှံ များ ပျက်စီးမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ရေကြီးမှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၎င်းအခြေအနေအား တုံ့ပြန်သည့်အနေ ဖြင့် အစိုးရသည် ဆန်တန်ချိန် ၅၀ဝ၀ဝ၀ တင်သွင်းရန် အလျင် အမြန် ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းခြင်းကို ခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း စားနပ်ရိက္ခာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းSheikh Hasina ၏ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး သြဂုတ်လတွင် အာဏာရလာသည့် ကြားဖြတ် အစိုးရအနေဖြင့် မကြာသေးမီလများအတွင်း ၂၀ ရာခိုင်နှုန်း နီးပါး တက်လာခဲ့သော စားသောက်ကုန်ဈေးနှုန်းများ တည် ငြိမ်စေရန် ရုန်းကန်နေရကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည့် အိန္ဒိယသည် မကြာသေးမီ ကာလ၌ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ ခဲ့ရာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံမှ ပိုမိုသက်သာသောနှုန်းထားဖြင့် ဆန်တင်သွင်းမှုသည် မြင့် တက်လာဖွယ်ရှိသည်။
ရေကြီးမှုသည် ဟင်းသီးဟင်းရွက်တန်ချိန် ၂၀ဝ၀ဝ၀ ကျော် အပါအဝင် အခြားလယ်ယာထွက်ကုန်များကိုလည်း ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လယ်ယာထွက်ကုန် ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်းမှာ တာကာ ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈၀ သန်း) ခန့်ရှိကြောင်း သိရသည်။
ကမ္ဘာ့တတိယအကြီးဆုံး ဆန်ထုတ်လုပ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ၎င်း၏ လူဦးရေ သန်း ၁၇၀ စားသုံးရန်အတွက် တစ်နှစ်လျှင် ဆန်တန်ချိန် သန်း ၄၀ နီးပါး ထုတ်လုပ်လျက်ရှိ သည်။ သို့သော် သဘာဝဘေးအန္တရာယ်များက စိုက်ပျိုးထုတ် လုပ်မှုကို မကြာခဏ အနှောင့်အယှက်ပေးလေ့ရှိပြီး သွင်းကုန် အပေါ် မှီခိုမှု တိုးလာစေခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ရေကြီးမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရာသီ ဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံရရန် လွယ်ကူမှုရှိနေကြောင်း ပြသလျက်ရှိသည်။ ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ၂၀၁၅ ခုနှစ်၌ လေ့လာမှုတစ်ခုအ ရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူပေါင်း ၃ ဒသမ ၅ သန်းခန့်သည် နှစ်စဉ် မြစ်ရေလျှံမှု အန္တရာယ်နှင့် ရင်ဆိုင်ရ ဖွယ်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှု များကြောင့် အဆိုပါပြဿနာသည် ပိုမိုဆိုးရွားလာနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားကြောင်း သိရသည်။
ရာသီဥတု၏ စိန်ခေါ်မှုများ များပြားလာနေချိန်တွင် စားနပ်ရိက္ခာဖူလုံမှု ခိုင်မာစေရေးအတွက် စိုက်ပျိုးမှုကာလ တိုတောင်းပြီး ရေကြီးမှုနှင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံ မျိုးကွဲများ ပိုမိုဖွံ့ဖြိုးလာရန် အရေးကြီးကြောင်းနှင့် စိုက်ပျိုးရေး သုတေသနဆိုင်ရာကိစ္စများတွင် ရင်းနှီးမြှုပ်နှံရန် လည်း လိုအပ်ကြောင်း၊ အဆိုပါ ဒဏ်ခံနိုင်သည့် သီးနှံမျိုးများ အပေါ် အလေးပေး ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမား များအား ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် လိုက် လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပြီး ခက်ခဲသောအခြေ အနေများ၌ပင် အထွက်ပမာဏကို တည်ငြိမ်စေမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ် ဆန်စပါးသုတေသနဌာနမှ သိပ္ပံ ဆိုင်ရာ အရာရှိချုပ်Khandakar Mohammad Iftekhar- uddaula က ပြောကြားခဲ့သည်။
Source: Channel News Asia,
DHTSN, DOCA