Main menu

Background

အိန္ဒိယ ဆန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိ

Tue, 11/05/2024 - 12:00 -- journal_editor

အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သည့်ဆန်ဖြူအပေါ်သတ် မှတ်သည့် Minimum Export Price- MEPကို လျှော့ချပေးလိုက် သည့်အတွက် ကမ္ဘာ့ဆန်ရောင်းချမှုပမာဏများ တိုးမြင့်လာနိုင်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း  ဖိလစ်ပိုင်စိုက်ပျိုး ရေးဌာနမှ ပြောကြားခဲ့သည်။ ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ဈေးနှုန်းလည်း ကျဆင်းလာမည် ဖြစ် သည်။ 
ဖိလစ်ပိုင်နိုင်ငံမှ ဘာစမာတီမဟုတ်သည့် ဆန်ဖြူအပေါ် သတ်မှတ်သည့် MEP အား လျှော့ချသတ်မှတ်လိုက်ခြင်းသည် အခြားသော ဆန်တင်ပို့နေသည့် နိုင်ငံများအတွက် ဈေးကွက်တွင်း ပိုမိုယှဉ်ပြိုင်လာရနိုင်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းကိုလည်း လွှမ်း ခြုံထားနိုင်သည့် အနေအထားဖြစ်သဖြင့် အခြားသော ဆန်တင်ပို့ နေသည့် နိုင်ငံများ၏ ပို့ကုန်ဈေးနှုန်းများလည်း ကျဆင်းလာဖွယ် ရှိကြောင်း ဖော်ပြပါရှိသည်။ ထို့ပြင် အခြားသော ဆန်တင်ပို့နေ သည့်နိုင်ငံများထက် ဈေးနှုန်းပိုမိုလျော့နည်းနိုင်သဖြင့် ဆန်တင် သွင်းသည့်ဈေးနှုန်းများကို လည်း ရိုက်ခတ်မှုများရှိနိုင်ကြောင်း ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလက အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဈေး ကွက်သို့ ဘာစမာတီ မဟုတ်သည့် ဆန်ဖြူ ပြန်လည်တင်ပို့ခဲ့ပြီး MEP သတ်မှတ်ချက်မှာ  မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀ ဖြစ်ကြောင်း၊ MEP မသတ်မှတ်မီကပင် အိန္ဒိယနိုင်ငံ ၏ ဘာစမာတီမဟုတ်သည့် ဆန်ဖြူဈေးနှုန်းသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ထက် သက်သာကြောင်း ဖော်ပြပါရှိသည်။ အိန္ဒိယ နိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဘာစမာတီမဟုတ်သည့် ဆန်အား                 ပြန်လည်တင်ပို့ရောင်းချသည့် အချိန်မှစ၍ ထိုင်းနိုင်ငံမှ ၎င်းတို့၏Long grain white rice 5  ၅ မှတ်ဆန် အမျိုးအစား ဈေးနှုန်းမှာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သည်။ 
အိန္ဒိယနိုင်ငံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံ ဖြစ်သည့်အတွက်  ဆန်တင်သွင်းရာတွင် အလားအလာရှိသော နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း အစောပိုင်းကာလများကတည်းက ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြောင်း၊ ဗီယက်နမ်နှင့်  ထိုင်းတို့ထက် ဈေးနှုန်းသက်သာနေခြင်းကြောင့် နောက်ထပ် ဆန်ရောင်းချသည့်ဈေးကွက် တိုးလာခြင်းနှင့် ဆန် တင်သွင်းရာတွင် နေရာအသီးသီးမှ ဖြန့်၍တင်သွင်းနိုင်မည် ဖြစ် ပါကြောင်း ဖော်ပြထားသည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက် အလက်များအရ အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သည့် ဆန်ဖြူ တင်ပို့ခြင်းကို အရှေ့အာရှနိုင်ငံများသို့ ပြန်လည်ခွင့်ပြုလိုက်သည့်  ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ အိန္ဒိယနိုင်ငံမှ ဆန်တင်သွင်း မှုမှာ ၂၂၀၃၉ မက်ထရစ်တန် ရှိထားပြီဖြစ်ကြောင်း ဖော်ပြပါရှိ သည်။

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့