သီရိလင်္ကာနိုင်ငံတွင် စားသုံးသူများ ဈေး နှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ဆန်ထုတ် လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ခုအနေဖြင့်Nadu အမျိုးအစား ဆန်တန်ချိန် ၇၀ဝ၀ဝ ကို တင် သွင်းသွားမည်ဟု ကူးသန်းရောင်းဝယ်မှု၊ စားနပ် ရိက္ခာဖူလုံမှုနှင့် သမဝါယမ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးWasantha Samarasinghe က ကြေညာခဲ့ ကြောင်း သိရသည်။
ဝန်ကြီးWasantha Samarasinghe က သီရိ လင်္ကာအနေဖြင့် စပါးရာသီနှစ်ခုမှ နှစ်စဉ် စပါး တန်ချိန် ၄ဒသမ၈ သန်းခန့်ကို စိုက်ပျိုးထုတ်လုပ် လျက်ရှိရာတွင်Nadu အမျိုးအစား စပါးတန်ချိန် ၃ဒသမ၁ သန်းခန့် ပါဝင်ကြောင်း၊ ၎င်းစပါးကို ဆန်အဖြစ်ကြိတ်ခွဲမှုမှ တန်ချိန် ၂ဒသမ၁ သန်း ခန့်ထွက်ရှိကြောင်း၊ အဆိုပါဆန်အမျိုးအစားအား လစဉ် ပျမ်းမျှစားသုံးမှုမှာ တန်ချိန် ၁၄၀ဝ၀ဝ ခန့် ရှိကြောင်း၊ ဆန်ပိုလျှံမှုမှာ တန်ချိန် ၁ဒသမဝ၄ သန်းခန့်ရှိသော်လည်း ပြည်တွင်းဈေးကွက် အတွင်း ဆန်လိုအပ်ချက်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဈေးနှုန်းထိန်းချုပ်မှုကို လုပ်ကိုင်လျက်ရှိသော်လည်း တောင်သူလယ် သမားများအနေဖြင့် သတ်မှတ်ဈေးနှုန်းများနှင့် အညီ ၎င်းတို့၏ စပါးများကို ရောင်းချနိုင်ခြင်း မရှိသဖြင့် စားသုံးသူများအတွက် ဈေးကွက်၌ ၎င်း ဈေးနှုန်းဖြင့် ဆန်ဝယ်ယူရရှိနိုင်မှု မရှိကြောင်း၊ ပိုလျှံမှုရှိသည့် ဆန်များအနက်မှ အချို့ကို ရမ်နှင့် ဘီယာထုတ်လုပ်သည့် အသေးစားစက်မှု လုပ်ငန်း များတွင်သာ အသုံးပြုမှုရှိပြီး ဈေးကွက်အတွင်း အကြောင်းရင်း မဖော်ပြနိုင်သည့် ဆန်ပမာဏ များစွာ ကျန်ရှိနေသေးကြောင်း၊ ယင်းကဲ့သို့ မညီမျှ မှုသည် စားသုံးသူများအတွက် ဆန်လိုအပ်ချက်ကို ဖြစ်ပေါ်စေပြီး ဇန်နဝါရီလ စပါးရိတ်သိမ်းချိန် မတိုင်မီ၌ ဆန်ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေ ကြောင်း၊ အစိုးရအနေဖြင့် ဒေသခံလယ်သမား များကို ထောက်ပံ့ခြင်းနှင့် ဆန်လိုအပ်ချက်ကို ကိုက်ညီမှုရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဟန်ချက် ညီအောင် အားထုတ်ကြိုးပမ်းလျက်ရှိ ကြောင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ သည်။
အဆိုပါ အကျပ်အတည်းကို ဖြေရှင်းရန် အတွက် အစိုးရအနေဖြင့် နိုင်ငံပိုင် ကုမ္ပဏီနှစ်ခုဖြစ် သောSathosa နှင့်State Trading Corporation တို့မှတစ်ဆင့် ဆန်တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီနှစ်ခုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်မတိုင်မီ ဆန်တန်ချိန် ၇၀ဝ၀ဝ တင်သွင်းနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တင်သွင်း လာသည့်ဆန်များကို စားသုံးသူများ ဈေးနှုန်း သင့် တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တစ်ကီလိုဂရမ် လျှင် သီရိလင်္ကာရူပီးငွေ ၂၂၀ နှုန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံတွင် ဇန်နဝါရီလလယ်ပိုင်း ၌ စတင်မည့် မဟာသီးနှံရာသီ စပါးရိတ်သိမ်းချိန် အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး အစိုးရအနေဖြင့် ဆန်ထုတ်လုပ်မှု ကွင်းဆက် တည်ငြိမ်စေရန်နှင့် နိုင်ငံသားအားလုံးအတွက် ဆန်လုံလောက်သည့် ဈေးကွက်ဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သီရိလင်္ကာ News First သတင်းဌာနက ဖော်ပြထားသည်။
Source : News First, 20-11-2024
ပိုးဇာခြည်၊ DOCA