ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၃ နှစ်ကြာ ကုန်သွယ်ရေး ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး မကြာ သေးမီကာလအတွင်း ဂျပန်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ရာ လာမည့်နှစ် တွင် ဂျပန်နိုင်ငံသို့ ဟက်စ် (ျေံ) အမျိုးအစား ထောပတ်သီး ကုန်ချိန် ကီလိုဂရမ်ပေါင်း ၅ သိန်းခန့်ကို တင်ပို့သွားရန် စီစဉ် လျက်ရှိကြောင်းသိရသည်။
ဖိလစ်ပိုင် သီးနှံလုပ်ငန်းဗျူရို (ကြမနကေ သ် ဏူညေအ ှုညိကျအမပ) ၏ ဒါရိုက်တာဖြစ်သူ ွနမေိူ ွူနညည ဏညေါညေငဘညေ က အစိုးရသည် ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ဒေါ်လာ ၁ဒသမ ၅၈၄ သန်း တန်ဖိုးရှိသည့် ဟက်စ်ထောပတ်သီး ၄၈၄၀ဝ၀ ကီလိုဂရမ် သို့မဟုတ် သေတ္တာ အလုံး ၈၈၀ဝ၀ ကို တင်ပို့ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ကုန်သွယ်ရေးစေ့စပ်ညှိ နှိုင်းမှုအရ ယခုလအတွင်း ဂျပန်နိုင်ငံ၏ ထောပတ်သီးဈေး ကွက်သို့ ဈေးကွက်ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန် နိုင်ငံသို့ ဒေါ်လာ ၄၀၃၂၀ တန်ဖိုးရှိ ဟက်စ်ထောပတ်သီး သေတ္တာ ၂၂၄၀ လုံး (၁၂၃၂၀ ကီလိုဂရမ်) ကို ပထမအကြိမ် အဖြစ် သင်္ဘောတင်ပို့ သွားမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေ ဖြင့် ပြီးခဲ့သောနှစ်တွင် ဂျပန်နိုင်ငံသို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိသော စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းထုတ် ကုန်များကို တင်ပို့ခဲ့ကြောင်း၊ ယှဉ်ပြိုင်မှုမြင့်မားသော ဂျပန် ဈေးကွက်အတွင်းသို့ ထောပတ်သီးများ အောင်မြင်စွာ တင်ပို့ နိုင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေး၌ အရေးပါသည့် ခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ အရွယ်အစား သေးငယ်၍ အပေါ်ခွံချောမွေ့ပြီး ရင့်မှည့်သည့် အချိန်တွင် ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည့် ဟက်စ် အမျိုးအစား ထောပတ်သီးကို ဂျပန်လူမျိုးများ အကြိုက်တွေ့ လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသည် ဟက်စ်ထောပတ်သီးများကို အဓိကတင်သွင်းသည့် ဈေးကွက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တင်သွင်းမှုတန်ဖိုး ဒေါ်လာသန်း ၆၀ ရှိခဲ့ ကြောင်း၊ ဂျပန်နိုင်ငံ သို့ ထောပတ်သီး အဓိကတင်ပို့သည့် နိုင်ငံများတွင် မက္ကဆီကို၊ ပီရူး၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြောင်း စသည်ဖြင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာရှတွင်ပထမဆုံးနိုင်ငံ အဖြစ် ဂျပန်နိုင်ငံသို့ ဟက်စ် ထောပတ်သီး တင်ပို့နိုင်ခြင်း ကြောင့် ဂုဏ်ယူပါကြောင်းနှင့် ယခုကဲ့သို့ တင်ပို့နိုင်သည့် အတွက် ဒေသခံ စိုက်ပျိုးသူများအနေဖြင့် ဂျပန်နိုင်ငံ၏ လတ် ဆတ်သစ်သီးများ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းလျက် ဝင်ငွေတိုးပွားနိုင်မည့် ကောင်းမွန် သော အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင် စိုက်ပျိုးရေးသံမှူး ဗူနူင ြေါ့ငမညေါ က ပြောကြားခဲ့သည်။
လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်၊ မလေး ရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အင်္ဂလန်နှင့် မြောက်အိုင်ယာလန် စသည့် ဈေးကွက်ရှစ်ခုသို့ ထောပတ်သီးများ တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထောပတ်သီး တန်ချိန် ၁ဒသမဝ၄ သန်း တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်၌ တင်ပို့ခဲ့သော တန်ချိန် ၁ ဒသမ ၄၉ သန်းထက် ၃၀ ရာခိုင်နှုန်း တင်ပို့မှု လျော့နည်းခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့၏ အချက်အလက်အရ သိရသည်။
ပိုးဇာခြည်၊ DOCA
Source : The Philippine Star, November 18, 2024