ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်း ရန်နှင့် အရန်ထားရှိမှုကို မြှင့်တင်ရန်အတွက် ကြားကာလအစိုးရသည် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၂၇၇ ခုသို့ စုစုပေါင်းဆန်တန်ချိန် ၁၄ဒ သမ ၈၁ သိန်းကို တင်သွင်းရန် ခွဲဝေခွင့်ပြုပေးခဲ့ကြောင်း The Daily Starသတင်းဌာနက ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာန၏ အချက်အလက်များအရ အဆိုပါ ဆန်ပမာဏ စုစုပေါင်းအနက် ပေါင်းဆန်တန်ချိန် ၁၀ ဒသမ ၆၅ သိန်းပါဝင်ပြီး ကျန်ပမာဏသည် Atap chal ခေါ် စပါးအား ပေါင်းခံခြင်းမပြုဘဲ နေလှန်းအခြောက်ခံ ၍ ကြိတ်ခွဲထုတ်လုပ်ရရှိသည့်ဆန်များဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်း ခွင့်ကို လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ကျော်ကပင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စားနပ်ရိက္ခာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် ူf Lutfor Rohman က ဆန်တင် သွင်းခွင့် လျှောက်ထားရန် ခွင့်ပြုသောကာလသည် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကုန်ဆုံး ခဲ့ပြီဖြစ်ကြောင်း၊ အစိုးရသည် အဆင့် ၄ ဆင့်ဖြင့် ဆန်တင်သွင်းရန် အဆိုပါကုမ္ပဏီ ၂၇၇ ခုအား ခွင့်ပြုခြင်းဖြစ်ပြီး ဈေးကွက်အခြေအနေအပေါ်မူတည်၍ လိုအပ်ပါက တင်သွင်းခွင့်ခွဲတမ်းကို ပိုမိုချထားပေးမည်ဖြစ်ကြောင်းဖြင့် ွှ့ The Daily Starသို့ ပြော ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေးမီက ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် ရေ လွှမ်းမိုးမှုများကြောင့် နိုင်ငံ၏အရှေ့မြောက်ပိုင်း ဒေသတစ်ဝန်းတွင် မိုးစပါးစိုက်ပျိုးမှု အပေါ် ထိခိုက်မှု ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ဆန်လက်လီအရောင်းဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ အချက်အလက်များအရ သြဂုတ် ၁၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ရေကြီးမှု နှစ်ကြိမ်ဖြစ်ပေါ်ရာတွင် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ဆန်တန်ချိန်မှာ ၈ ဒသမ ၃၉ သိန်းခန့်ရှိသည်။ သို့ဖြစ်ရာ ဆန်ဈေးနှုန်းများ ထပ်မံမြင့် တက်မှုမရှိစေရေးနှင့် ပြည်တွင်းဆန်လက်ကျန်ပမာဏ ကို မြှင့်တင်နိုင်ရေးအတွက် ဆန်တင်သွင်းခြင်းကို ကြားဖြတ်အစိုးရက တွန်းအား ပေးလုပ်ဆောင်လျက်ရှိသည်။
ပြည်တွင်း၌ထွက်ရှိသည့် စပါးများကို ဝယ်ယူ၍ ဆန်ကြိတ်ခွဲ ထုတ်လုပ်ခြင်း အပြင် အိန္ဒိယနိုင်ငံထံမှ ဆန်တင်သွင်းခြင်းကိုပါ လုပ်ကိုင်လျက်ရှိသော Majumder Group of Industries မှ မန်နေဂျင်းဒါရိုက်တာ Chitta Majumderမ က ၎င်းတို့ကုမ္ပဏီ အနေဖြင့် ဆန်တန်ချိန် ၈၀ဝ၀ဝ တင်သွင်းရန် အစိုးရထံမှ ခွင့်ပြုချက် ရရှိထားသည် ဟု ပြောဆိုခဲ့သည်။
စားနပ်ရိက္ခာဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် လက်ရှိအဆင့်၌ ဆန်တင် သွင်းခွင့်ရရှိသော ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့်ဆန်များကို ဒီဇင်ဘာ ၂၂ ရက်နေ့အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်းရှင် သည် တင်သွင်းပြီးသည့် ဆန်တန်ချိန်ပမာဏ၊ ဆန်သိုလှောင်ထားရှိမှုနှင့် ဈေးကွက် ဖြန့်ဖြူးမှုအခြေအနေတို့ကို ခရိုင်စားနပ်ရိက္ခာ ကြီးကြပ်ရေးအရာရှိထံ မပျက် မကွက် အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်သည် ဆက်စပ် လျက်ရှိသည့် တင်သွင်းခွင့်ပါမစ်ကို အသုံးပြုလျက် ခွဲတမ်းချထားပေးသည်ထက် ပိုမိုတင်သွင်းခြင်းကို လုပ်ဆောင်ခွင့်မရှိကြောင်း၊ တင်သွင်းလာသည့် ဆန်များအား အခြား မည်သည့်လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ အမည် အမှတ်တံဆိပ်အောက် တွင်မျှ ပြန်လည်ထုပ်ပိုးခြင်းမပြုဘဲ မူလတင်သွင်းခဲ့သည့် ထုပ်ပိုးမှုပုံစံအတိုင်းသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်တွင်းစားသုံးမှုအတွက် ဆန်တန်ချိန် ၃၇ သန်းမှ ၃၉ သန်းအကြား လိုအပ်မှုရှိပြီး ပမာဏ အများစုကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဖြင့်ပင် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြီးခဲ့သော ၂၀၂၃-၂၄ ဘဏ္ဍာ နှစ်အတွင်း ပြည်ပမှ ဆန်ကို ဝယ်ယူတင်သွင်းရခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
Source: The Daily Star, 21 Nov 2024
UNAL, DOCA
Background