Main menu

Background

ဗီယက်နမ်သို့ ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့တင်ပို့မှု ၃၆ ရာခိုင်နှုန်း တိုးတက်လာ

Wed, 12/04/2024 - 11:35 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တန်ချိန် ၇၉၀ဝ၀ဝ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၁၀ ဘီလီယံရရှိကာ ၃၆ ရာခိုင်နှုန်း တိုးလာကြောင်း သီဟိုဠ်စေ့ အသင်း (ဃဗဃ) မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ ဒုတိယ ဥက္ကဋ္ဌ Suy Kokthean က ကမ္ဘောဒီး ယားသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ  သီဟိုဠ်စေ့ တန်ချိန် ၈၄၀ဝ၀ဝ ထုတ်လုပ်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်    နှိုင်းယှဉ်ပါက   ၂၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပြော ကြားခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်  လေးနှစ်မှ ငါးနှစ်အတွင်း ကမ္ဘာ့ထိပ် တန်း သီဟိုဠ်စေ့ ထုတ်လုပ်သူဖြစ်လာ လိမ့်မည်ဟု ဆက်လက်ပြောကြားခဲ့ သည်။ သီဟိုဠ်စေ့စိုက်ပျိုးသည့် တောင်သူ အများစုသည်   သီဟိုဠ်စေ့ စိုက်ပျိုးရန် အတွက်   ပျိုးပင်များအား ဝယ်လိုအား      များနေသောကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း နှင့်ရလဒ်အနေ ဖြင့် အရည အသွေးမြင့် သီဟိုဠ်စေ့များ ၏  ဈေးနှုန်းမြင့်မားမှုကြောင့် နှစ်စဉ် တောင်သူများ  သီဟိုဠ်စေ့စိုက်ပျိုးမှု ပိုများလာသည်ဟုSuy Kokthean က  ရှင်းပြခဲ့သည်။  ကမ္ဘာ့ရောင်းလိုအား   ပြတ်လပ်မှုကြောင့် ဝယ်လိုအားတက် စေသည့် သီဟိုဠ်စေ့ ဈေးနှုန်းများအား ကောင်းနေခြင်းကြောင့် သီဟိုဠ်စေ့  စိုက်ပျိုးမှု တိုးလာမည့်လမ်းကြောင်းများ ကို   ဃဗဃ မှ တာဝန်ရှိသူက အလေးပေး ပြောကြားခဲ့သည်။ သို့သော် ရာသီဥတု ပြောင်းလဲမှု သည်     စက်မှုလုပ်ငန်းများ အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ် နေဆဲဖြစ်ကြောင်းနှင့် ပြင်းထန်သော ရာသီဥတုသည် အထွက်နှုန်းကို   သိသိ သာသာ  ထိခိုက်စေနိုင်ကြောင်းSuy Kokthean က မှတ်ချက်ပြုခဲ့သည်။ CAC  နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၎င်း တို့အတွက် လေ့ကျင့်ရေးသင်တန်းများ ပုံမှန်ပြုလုပ်ပေးသောကြောင့်    တောင်သူ လယ်သမားများသည်  အဆင့်မြင့်  စိုက်ပျိုးခြင်းနည်းစနစ်များ  နားလည် ထားပြီးဖြစ်သည်ဟု  ဆက်လက်ပြော ကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင်   သီဟိုဠ်စေ့ တန်ချိန် ၆၅၆၀ဝ၀ တင်ပို့ခဲ့ပြီး   အမေရိကန် ဒေါ်လာ ၈၃၇ သန်း ရရှိခဲ့သည်။ 

Source: Khmer Times 
ချစ်လင်းဦး (DOCA YGN)