Main menu

Background

၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်း တစ်တန်ဈေးနှုန်း ရင်းဂစ် ၄၀ဝ၀ မှ ၅၀ဝ၀ အတွင်းရှိနိုင်

Tue, 01/07/2025 - 11:38 -- journal_editor

စားအုန်းဆီ အဓိကထုတ်လုပ်ရာ ဈေးကွက်များဖြစ်သည့် အင်ဒို နီးရှားနှင့် မလေးရှားနိုင်ငံများတွင် ထုတ်လုပ်မှုနှေးကွေးနေခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၀ဝ၀ မှ ၅၀ဝ၀ ကြား (အမေရိကန်ဒေါ်လာ ၈၉၉ မှ အမေရိကန်ဒေါ်လာ ၁၁၂၄ ကြား) ရှိနိုင်မည်ဟု အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် စားအုန်းဆီထုတ် လုပ်သည့်နိုင်ငံများ ကောင်စီ (CPOPC)) ၏ ခန့်မှန်းချက်ကိုOils and Fats International   သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ဖော်ပြသည်။ 
ကမ္ဘာ့စားအုန်းဆီဝယ်လိုအား ကြီးထွားလာသည်နှင့်အမျှ ထုတ် လုပ်မှုရပ်တန့်ခြင်းက ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ဈေးနှုန်းများ ပိုမိုမြင့်မား ခြင်းတို့ဖြစ်ပေါ်စေသည်ဟု ဒီဇင်ဘာ ၆ ရက်တွင် မလေးရှားအစိုးရပိုင်Bernamaသတင်းအေဂျင်စီဌာနသို့ CPOPC မှ ဒုတိယအထွေထွေ အတွင်းရေးမှူး Mr. Nageeb Wahab  က ပြောကြားခဲ့ကြောင်း သိရသည်။
စားအုန်းဆီဈေးကွက်ကို ပိုမိုအားကောင်းစေသည့် မလေးရှားနိုင်ငံ ၌ လက်ရှိဖြစ်ပေါ်နေ သော ရေလွှမ်းမိုးမှုများ၏ ကြီးမားစွာ သက်ရောက် မှုကြောင့် စားအုန်းဆီ လက်ရှိပေါက်ဈေးနှုန်းသည် တစ်တန်လျှင် ရင်းဂစ် ၅၀ဝ၀ (အမေရိကန်ဒေါ်လာ ၁၁၂၄) ဝန်းကျင် ဖြစ်ပေါ်နေမှုမှာ ယာယီ အခိုက်အတန့်မျှသာ ဖြစ်နိုင်သည်ဟု Mr. Wahab က ဆက်လက်ပြောကြား သည်။
သက်တမ်းရင့် ဆီအုန်းပင်အိုစိုက်ခင်းများ ပိုမိုများပြားခြင်း၊ ကြို တင်ခန့်မှန်း၍မရသော ရာသီဥတု အခြေအနေနှင့် ဆီအုန်း စိုက်ခင်း အသစ်များကို အကန့်အသတ်ဖြင့် တိုးချဲ့စိုက်ပျိုးရခြင်းတို့အပြင် ထုတ် လုပ်မှု နှေးကွေးရပ်တန့်နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီရောင်း လိုအားကို ထိခိုက်စေပြီး ဈေးနှုန်းများ ပိုမိုမြင့်မားလာစေနိုင်သည်ဟု ခန့်မှန်းရကြောင်းဖြင့် Wahab က ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၆ ရက် တွင်New Straits Times (NST) သတင်းဌာနက အစီရင်ခံ ဖော်ပြသည်။
ဃဏဥဏဃ ကောင်စီသည် ဆီအုန်းထုတ်လုပ်သော နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသော အစိုးရ အချင်း ချင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဟွန်ဒူးရပ်စ်နှင့် ပါပူဝါနယူးဂီနီတို့က အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ ကိုလံဘီယာ၊ ဂါနာ၊ နိုင်ဂျီးရီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က လေ့လာသူ အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်သည်။ 
ကမ္ဘာ့တတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် ထိုင်းနိုင်ငံကို CPOPC  အဖွဲ့ဝင်အဖြစ် ပါဝင်လာစေရေး အဆိုပါအဖွဲ့က ကြိုးပမ်းလုပ် ဆောင်နေသည်ဟုk NST သတင်းဌာန၏ အစီရင်ခံစာ၌ပါရှိကြောင်း Oils and Fats International  သတင်းဌာနက ဖော်ပြထားသည်။

Source: Oils and Fats International, 

 D Thi, DOCA