Main menu

Background

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရောက်ရှိ

Tue, 01/07/2025 - 11:42 -- journal_editor

ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ကြမ်း ပစ္စည်းနှင့် ဆက်စပ်သည့် ဈေးကွက်များ တွင် စိန်ခေါ်မှုများ  ရှိနေ‌သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ရေထွက် ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရောက်ရှိခဲ့ကြောင်း ဗီယက် နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) က ဒီဇင်ဘာ ၂၃ ရက်က     ပြောကြားခဲ့ ကြောင်း သိရသည်။ 
ပုစွန်နှင့် Pangasius  ငါးတင်ပို့မှုမှ ဝင်ငွေရရှိမှုသည် စုစုပေါင်းဝင်ငွေရရှိမှု ၏ ၆၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ပုစွန်များတင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄ ဘီလီယံနှင့် Pangasiusငါး တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန် ဒေါ်လာ ၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးမြင့် တက်ခဲ့ကြောင်းသိရသည်။ 
ကုန်ကြမ်းပစ္စည်း   ရှားပါးမှုရှိ သော်လည်း တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ၁ ဘီလီယံ ရရှိခဲ့ ကြောင်းသိရသည်။ အခြားငါးများ တင် ပို့မှုမှအမေရိကန်ဒေါ်လာ ၁ဒသမ၉ ဘီလီယံနှင့် ရေဘဝဲတင်ပို့မှုမှ  အမေ ရိကန်ဒေါ်လာ ၆၆၂ သန်း ရရှိခဲ့ကြောင်း သိရသည်။ ဗီယက်နမ်သည် ကမ္ဘာပေါ် တွင် တရုတ်နှင့်နော်ဝေ၏နောက်တွင်  တတိယမြောက်အကြီးမားဆုံး ပင်လယ် စာ တင်ပို့သူဖြစ်ကြောင်းသိရပြီး  ဗီယက် နမ်   ပင်လယ်စာလုပ်ငန်းအတွက် ၂၀၂၅ ခုနှစ်တွင် ပိုမိုကြီးထွားလာရန် ပံ့ပိုးနိုင်ခဲ့ကြောင်းသိရသည်။ 
ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူ ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ် သူ Phung Duc Tien က နိုင်ငံ၏ပင် လယ်စာလုပ်ငန်း  နယ်ပယ်သည် စည်းမျဉ်းနှင့်မညီသော ငါးဖမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်  ညစ်ညမ်းစေ ခြင်းတို့ကြောင့်  ဥရောပကော်မရှင်၏Yellow Card  သတိပေးခံထားရခြင်း ပါဝင်သော စိန်ခေါ်မှု အသစ များနှင့် ၂၀၂၅ ခုနှစ်တွင် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ကုန် ကြမ်းပစ္စည်းရရှိမှု မြင့်တက်လာနိုင်ခြင်း နှင့် တင်ပို့ရာဈေးကွက်သစ်များ တိုးချဲ့ လာခြင်း အစရှိသော ကောင်းမွန်သည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။   ဗီယက်နမ် ပင်လယ်စာ ကုမ္ပဏီ များသည်လည်း နည်းပညာမြင့် ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေး မြင့် ကုန်ထုတ်လုပ်ခြင်းတို့ဖြင့် ၂၀၂၅  ခုနှစ်တွင် ပင်လယ်စာ တင်ပို့မှုမှတစ် ဆင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်မှ ၁၁ ဘီလီယံကျော်ထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
Vietnam Plus
 

မြသူ DOCA-YGN