Main menu

Background

အိန္ဒိယနိုင်ငံ၌ အခွန်ကင်းလွတ်ခွင့်ဖြင့် စားတော်ပဲ တင်သွင်းခွင့်အား ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်

Tue, 01/07/2025 - 11:52 -- journal_editor

အိန္ဒိယနိုင်ငံတွင်  ကုလားပဲ၏နေရာ၌   အဓိက အစားထိုးသုံးစွဲနိုင် သော စားတော်ပဲအား အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်း ခွင့်ပြုသည့် ကာလကို    ဒီဇင်ဘာ ၂၄ ရက်တွင် နောက်ထပ် သက်တမ်းနှစ်လ တိုးမြှင့် လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ကုန် အထိ အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း Financial Express သတင်းဌာနက ဖော်ပြထားသည်။ 
ပြည်တွင်း  စိုက်ပျိုးထုတ်လုပ်မှု ကို   တွန်းအားပေးရန်အတွက်  စား တော်ပဲ  တင်သွင်းမှုအပေါ် သွင်းကုန် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံခြင်းကို ၂၀၁၇ ခုနှစ်မှ  စတင်စည်းကြပ်ခဲ့ရာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ အခွန်ကင်း လွတ်လျက် တင်သွင်းခြင်းကို  အိန္ဒိယ အစိုးရက ကာလသတ်မှတ်ချက်ဖြင့် ခွင့် ပြုပေးထားခြင်းဖြစ်သည်။ 
အိန္ဒိယ   ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော် ငြာစာ၌ စားတော်ပဲအား အနိမ့်ဆုံးသွင်း ကုန်ဈေးနှုန်း  သတ်မှတ်ချက်နှင့် တင် သွင်းရောက်ရှိရမည့် ဆိပ်ကမ်းနေရာ သတ်မှတ်ချက်များမရှိဘဲ အင်တာနက် ကွန်ရက်  သွင်းကုန်စောင့်ကြည့်ကြပ် မတ်မှုစနစ်အောက်တွင်   မှတ်ပုံတင် ထားသည့်အတိုင်း ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်အထိ အခွန်ကင်းလွတ် လျက်   တင်သွင်းခွင့်ပြုလိုက်ကြောင်း ဖော်ပြခဲ့သည်။ 
ပြည်တွင်း၌   ရောင်းလိုအားကို ကောင်းမွန်စေရေးအတွက် စားတော်ပဲ တန်ချိန် ၂ ဒသမ ၃ သန်းခန့် ကို တင် သွင်းထားပြီးဖြစ်ကြောင်း၊ လက်ရှိစိုက် ပျိုးထားဆဲ ကုလားပဲစိုက်ခင်းများအား ရိတ်သိမ်းမှုသည် မတ်လကုန် သို့မဟုတ် ဧပြီလဆန်းတွင် စတင်မည်ဖြစ်ကြောင်း၊ ကုလားပဲများ  ရိတ်သိမ်းထွက်ပေါ်ချိန် တွင် စားတော်ပဲအား အခွန်သက်သာ ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည်  မဟုတ် ကြောင်း၊ ယခုနှစ် ကုလားပဲစိုက်ပျိုးမှု ဧရိယာသည် ဟက်တာ ၈ဒသမ၆ သန်း ရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း ပိုမိုလာကြောင်းဖြင့် အစိုးရ ဌာနဆိုင်ရာ အရာရှိများက ပြောကြားခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၌ ကုလားပဲ လက်လီ ဈေးနှုန်းများဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍   ကိန်း ဂဏန်း နှစ်လုံးအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တစ်နှစ် တာကာလအတွင်း ဈေးနှုန်းမြင့်တက်မှု မှာ ၂၀ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော် ပဲမျိုးစုံအုပ်စု၏ လက်လီဈေး နှုန်းဖောင်းပွမှုမှာ  သြဂုတ်လတွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ နိုဝင်ဘာလ တွင် ၅ ဒသမ ၄၁ ရာခိုင်နှုန်းသို့ လျော့ ကျလာခဲ့သည်။ အဓိက စားသုံးသော ကုလားပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့ အထွက် ကျဆင်းမှုကြောင့် ပဲမျိုးစုံ လက်လီဈေး နှုန်း ဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ် ဇွန်လ မှစ၍  ကိန်းဂဏန်း ၂ လုံးအဆင့်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ  စားသုံးသူရေးရာဦးစီး ဌာနကမူ    လက်ကားဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသဖြင့်  လက်လီ ရောင်း ချ သူများအနေဖြင့်  ပဲမျိုးစုံ၏ ဈေးနှုန်း များကို လျှော့ချရန် တိုက်တွန်းနှိုးဆော် လျက် ရှိသည်။ လွန်ခဲ့သော နှစ်လတာ အတွင်း လက်ကားဈေးကွက်များ၌ ပဲစင်းငုံ၊ ပဲနီလေး၊ ကုလားပဲ၊ ပဲတီစိမ်း၊ စားတော်ပဲနှင့်  မတ်ပဲတို့၏ ဈေးနှုန်း များသည် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းအတွင်း ကျဆင်းမှုရှိခဲ့သော်လည်း ပဲမျိုးစုံ၏ လက်လီရောင်းဈေးနှုန်းများ မှာမူ  မြင့်မားနေဆဲရှိသည်ဟု အစိုးရ အရာရှိများက ပြောဆိုကြသည်။
လက်ရှိကာလတွင်     အစိုးရ ဝယ်ယူရေး  အေဂျင်စီများဖြစ်သောNAFED နှင့်NCCF သမဝါယမ အသင်း များသည် ဈေးနှုန်း‌ထောက်ပံ့မှု အစီ အစဉ် (price support scheme)) တွင် မှတ်ပုံတင်ထားသည့် တောင်သူဦးရေ ၁ ဒသမ ၇ သန်းထံမှ ပဲစင်းငုံများကို အနိမ့်ဆုံး အထောက်အပံ့ပြု အခြေခံ ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရန် စီစဉ် လျက်ရှိကြောင်း သိရသည်။ 

Source: Financial Express,  25 Dec 2024
UNAL, DOCA