ကမ္ဘောဒီးယားနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနသည် ပထဝီဒေသဆိုင်ရာအညွှန်း GI အသိအမှတ်ပြု ထုတ်ကုန်များအဖြစ် သတ်မှတ်ရန်အလားအလာရှိသော ကုန်ပစ္စည်း များစာရင်းကို ဒီဇင်ဘာလ တတိယရက်သတ္တပတ်တွင် ထုတ်ပြန် ခဲ့ရာ ဆန်၊ သီဟိုဠ်စေ့၊ သရက်သီးနှင့် ဒူးရင်းသီးတို့ ပါဝင်ကြောင်း သိရှိရသည်။
GI အသိအမှတ်ပြု လက်မှတ်သည် ဂုဏ်သိက္ခာရှိသော အဆင့် အတန်း တစ်ရပ်အနေဖြင့် အဆိုပါထုတ်ကုန်များ၏ ထူးခြားသော အရည်အသွေးနှင့် မူလပင်ရင်းကို အသိအမှတ်ပြုသွားမည်ဖြစ်ပြီး တုပခြင်းများမှ ကာကွယ်ပေးလျက် ၎င်းတို့၏ ဈေးကွက်တန်ဖိုးကို မြှင့်တင်ပေးသွားမည်ဖြစ်သည်။
ဝန်ကြီးဌာနသည်GI ထုတ်ကုန်စနစ် အားကောင်းစေရေး၊GI ထုတ်ကုန်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာရှိသော ထုတ်ကုန်များအား စာရင်းရေးသွင်းခြင်းဆိုင်ရာ လေ့လာမှုများကို ဆောင်ရွက်ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (FAO) နှင့် တကြွ်ကစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
GI ထုတ်ကုန်ဆိုသည်မှာ ကုန်စည်၏ အရည်အသွေး၊ ဂုဏ် သတင်း သို့မဟုတ် အခြားဝိသေသ လက္ခဏာများသည် အဓိကအား ဖြင့် ပထဝီဝင်မူလပင်ရင်းဒေသကို အကြောင်းပြု၍ ဖြစ်ထွန်းမှု အပေါ် အဆိုပါကုန်စည်၏ ပထဝီဝင်မူလအစကို ကိုယ်စားပြုရန် သို့မဟုတ် အမည်ခေါ်ဆိုရန်အတွက် အသုံးပြုသည့် အမည်နာမ၊ သင်္ကေတ သို့မဟုတ် အခြားလက္ခဏာများကို ဆိုလို ခြင်းဖြစ်သည်။
GI အသိအမှတ်ပြု အဆင့်အတန်းရရှိရေး လုပ်ငန်းစဉ်တွင် ပုံမှန်အားဖြင့် ထုတ်ကုန်၏ ထူးခြားသော လက္ခဏာရပ်များ၊ တိကျ သော ပထဝီဝင်မူလအစနှင့် ၎င်း၏ထုတ်လုပ်မှုနှင့် ဆက်စပ်နေသော ရိုးရာအသိပညာများ အပါအဝင် ခိုင်မာသော စာရွက်စာတမ်းများ ပါဝင်သည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ အတွင်းဝန် enn Sovicheat က ဝန်ကြီးဌာနအနေဖြင့် အဆို ပါ အလားအလာရှိသော ထုတ်ကုန်များအတွက် ွှု လျှောက်ထားမှု လုပ်ငန်းစဉ် အောင်မြင်စေရေး လယ်သမားများ၊ ထုတ်လုပ်သူများ နှင့် အစိုးရ အေဂျင်စီများအပါအဝင် သက်ဆိုင်သူများနှင့် ဆက်လက် ၍ အနီးကပ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊GI စီမံကိန်း ကို အကောင်အထည်ဖော်ခြင်းသည် အရည်အသွေး ခိုင်မာရန်၊ တန်ဖိုးထားမှု တိုးလာစေပြီး အရည်အသွေးအာမခံမှုစနစ်က စားသုံး သူများ၏ ယုံကြည်မှုကိုပေးနိုင်ရန်အတွက်ဖြစ်ကြောင်းKhmer Timesသို့ ပြောကြားခဲ့သည်။
အဆိုပါဝန်ကြီးဌာနသည် လက်ရှိကာလ၌ GI ထုတ်ကုန် ခုနစ် မျိုးဖြစ်သည့်Kampot ငရုတ်ကောင်း၊Kampong Speu ထန်းလျက်၊ Koh Trung ကျွဲကောသီး၊Mondulkiri တောပျားရည်၊Kampot ဆားနှင့် ဆားပွင့်၊Takeo ပုစွန်နှင့်Kampot-Kep ငါးငံပြာရည်တို့ကို မှတ်ပုံတင်ထားပြီးဖြစ်သည်။
ထို့အပြင် ဖနွမ်းပင်ခေါက်ဆွဲ၊ Ambok Kampong Thom ဖွပ်ဆန်၊ Preah Vihear ဆန်၊SKO ရနံ့မွှေးဆန်၊DSMKမူရင်းဆန်၊Battambang အုန်းသီး၊Siem Reap ခေါက်ဆွဲနှင့်Koh Trung II ကျွဲကောသီးတို့ကို ွှု အသိအမှတ်ပြု မှတ်ပုံတင်ရန် အလားအလာ ရှိသော ထုတ်ကုန် ရှစ်ခုအဖြစ် အဆိုပါဝန်ကြီးဌာနက စာရင်းပြုစု ထားကြောင်း သိရသည်။
Source: Khmer Times, 24 December, 2024
DPTM, DOCA