သီရိလင်္ကာအစိုးရဝန်ကြီးများအဖွဲ့သည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးခွင့်ပြုခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးDr. Nalinda Jayatissa က ပြောကြားခဲ့သည်။ သို့သော် ပြည်တွင်းဈေးကွက်များတွင် ဆန်ပြတ်လပ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်တိုင် အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိသည်ကို လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးမှ အဆိုတင်သွင်းခဲ့သော ပုဂ္ဂလိကကဏ္ဍမှ သွင်းကုန်လုပ်ငန်းရှင်များအား သွင်းကုန်ထိန်းချုပ်လိုင်စင် မလိုအပ်ဘဲ ဆန်တင်သွင်းခွင့်ပြုသည့် ကာလကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်အထိ တိုးမြှင့်ပေးရန် တင်ပြချက်ကို အစိုးရအဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိရာ လက်ရှိကာလအတွင်း သီရိလင်္ကာနိုင်ငံ ပိုင် ကူးသန်းရောင်းဝယ်ရေးကော်ပိုရေးရှင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်၌ ကျင်းပခဲ့သည့် အစိုးရ အဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဆန်မက်ထရစ်တန် ၇၀ဝ၀ဝ ဝယ်ယူရေး လုပ်ငန်းစဉ်ကို ဆောင် ရွက်လျက်ရှိသည်။
ထို့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်ထိန်းချုပ်လိုင်စင် မလိုအပ်ဘဲ ဆန်တင် သွင်းနိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အစိုးရက ခွင့်ပြုပေးထား ခဲ့ကြောင်း သိရသည်။
Source: Ada Derana, 24 Dec 2024
DHTSN, DOCA