ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ်က ဆန်တန် ချိန် ၁၀ သန်း တင်ပို့နိုင်ခဲ့ပြီး လျာထားချက်ထက် တစ် သန်း ကျော်လွန် တင်ပို့နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းဆန်တင်ပို့ မှုသည် ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝင်ငွေ အားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၃ ဘီလီယံ ( ထိုင်း ဘတ် ၂၂၅ ဘီလီယံ) ၂၇ ရာခိုင်နှုန်း ပိုမိုရရှိခဲ့သည်။
ကမ္ဘာ့ဆန်ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ခိုင်မာစေရန် ဝယ်ယူစုဆောင်းမှု များပြားခြင်းတို့ ကြောင့် ခြောက်နှစ်တာကာလအတွင်း ၂၀၂၄ ခုနှစ်သည် ထိုင်းဆန်တင်ပို့မှု ပမာဏအများဆုံး ဖြစ်ခဲ့သည်။ ထိုင်း ဆန် တင်ပို့မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ဆန်ဖြူ တင်ပို့မှု သည် တန်ချိန် ၆ သန်းခန့် တင်ပို့နိုင်ပြီး ယခင် နှစ်ထက် ၂၃ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။ ကျန်ဆန်များဖြစ်သည့် ထိုင်း ဟုန်မလီဆန် တန်ချိန် ၁ ဒသမ ၇၄ သန်း၊ ပေါင်းဆန် တန်ချိန် ၁ ဒသမ ၂၇ သန်း၊ ထိုင်းဆန်မွှေးတန်ချိန် သုည ဒသမ ၆၃ သန်း၊ ကောက်ညှင်းဆန် တန်ချိန် သုည ဒသမ ၃၀ သန်းနှင့် ဆန်လုံးညို သုည ဒသမဝ၂ သန်း အသီးသီး တင်ပို့ နိုင်ခဲ့သည်။
ယခင်နှစ် ၂၀၂၄ ခုနှစ်တွင် ထိုင်းဆန် တင်သွင်းသည့် နိုင်ငံများအနက် အာဖရိကနိုင်ငံများမှ ၂၀၂၃ ခုနှစ်ထက် ၃၅ ရာခိုင်နှုန်း တန်ချိန် ၃ ဒသမ ၃၇ သန်း၊ အမေရိကတိုက်ရှိ နိုင်ငံများမှ ၃၃ ရာခိုင်နှုန်း တန်ချိန် ၁ ဒသမ ၃၄ သန်း ၊ အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၁၆ ရာခိုင်နှုန်း တန်ချိန် ၁ ဒသမ ၃၄ သန်း၊ ဥရောပနိုင်ငံများမှ ၃ ရာခိုင်နှုန်း တန်ချိန် သုည ဒသမ ၃၀ သန်း၊ ဥခနညေငေ နိုင်ငံများမှ ၃၅ ရာခိုင်နှုန်း တန်ချိန် သုည ဒသမ၂၇ သန်း အသီးသီး ယခင်နှစ်ထက် တိုးမြှင့်တင်ပို့နိုင်ခဲ့ ကြသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်ထုတ်လုပ်မှု တိုးမြှင့် ပြီး ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုကြောင့် ဆန်တန်ချိန် ၇ ဒသမ ၅ သန်းသာ တင်ပို့နိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၄ ရာခိုင်နှုန်း ခန့် ကျဆင်းကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံထဲတွင် ပါဝင်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တင်ပို့မှု ပြန်လည်တိုး မြှင့် တင်ပို့လာခဲ့ခြင်းကြောင့် ကမ္ဘာ့ဆန်ဝယ်လိုအားတွင် ဆန် တင်ပို့ မှု ပမာဏများလာပြီး ယှဉ်ပြိုင်မှု အားကောင်းလာသဖြင့် ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှု လျော့ နည်းခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန၏ နိုင်ငံခြားကုန်သွယ်မှု ဌာန အကြီးအကဲ ဗမေေိ င်္ကညေါအသညါ က မီဒီယာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့ရာသီဥတု အနေအထားအရ မိုးခေါင်ရေ ရှားမှု အခြေအနေ လျော့နည်းလာခြင်း၊ ဆန်အထွက်နှုန်း ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ထိုင်းဆန် အားတင်သွင်းဝယ်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံကဲ့သို့ အဓိက တင်သွင်းသူများ၏ ပြည်တွင်းဆန်ထွက်ရှိမှု အားကောင်းလာ ပြီး ထိုင်းဆန်ဝယ်လိုအား လျော့နည်းကျဆင်းရခြင်းဖြစ် ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source : https://www.bangkokpost.com
မြိတ်ကုန်သွယ်ရေးစခန်း