အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံများအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ယခင်က ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ခွင့်ပြုထားရာမှ ယခုအခါ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ သက်တမ်း တိုးမြှင့်လိုက်ကြောင်း ပြည်ပကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန (ွီငွှ်္) က ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ဖော်ပြခဲ့သည်။
အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံ အဓိကစိုက်ပျိုးရာ ပြည်နယ် များဖြစ်သော ကာနာတကာနှင့် မဟာရဋ္ဌတို့တွင် လက်ရှိ အချိန်ကာလအထိ ရိတ်သိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ သီးနှံအသစ်များ ဈေးကွက်ဝင်ရောက်လာမှုနှင့် အတူ ကုန်အဝယ်ဒိုင်များ၌ ပဲစင်းငုံဈေးနှုန်းများမှာ ကျဆင်း လျက်ရှိပြီး ၂၀၂၄ ခုနှစ် မိုးသီးနှံများ ဈေးကွက်တင်ရောင်းဝယ်မှု ရာသီအတွက် အစိုးရက ထုတ်ပြန်ထားသည့် အနိမ့်ဆုံး အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် ၁ ကွမ်တယ် (၁၀ဝ ကီလို ဂရမ်) လျှင် ရူပီး ၇၅၅၀ နှုန်း အောက်၌ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။
အစိုးရ၏ ပထမအကြိမ် ကနဦးခန့်မှန်းချက်အရ ယခု သီးနှံရာသီ၌ ပဲစင်းငုံထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိခဲ့သော တန်ချိန် ၃၄ ဒသမ၁၇ သိန်းထက် ၂ဒသမ၅ ရာခိုင်နှုန်း ပိုမို လျက် တန်ချိန် ၃၅ ဒသမဝ၂ သိန်းခန့် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။
ယခင်နှစ်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ကုလားပဲတို့ကဲ့သို့ သော ပဲမျိုးများ ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းကြောင့် ဈေးနှုန်း များ မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း၌ ကုန်စည်ရရှိ ရန်လွယ်ကူမှုကို မြှင့်တင်ရန်အတွက် အစိုးရသည် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့အား အကောက်ခွန်ကင်းလွတ် လျက် တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထား ခဲ့သည်။ ပဲစင်းငုံ တင်သွင်းခွင့် မူဝါဒအား ယခုနောက်ဆုံး အကြိမ် ပြင်ဆင်မှုက ပြည်တွင်းဈေးကွက်အတွင်း ကုန်စည် ပေးသွင်းမှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။
အစိုးရအနေဖြင့် ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်ခဲ့မှု အပေါ် အနီးကပ်စောင့်ကြည့်ကြပ်မတ်လျက် စားသုံးသူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးနှင့် ဈေးနှုန်းများ တည်ငြိမ်မှုထိန်းသိမ်းရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ရာသီဥတုကောင်းမွန်မှုနှင့် စိုက်ပျိုးရန် သင့်လျော်သည့် မြေ အစိုဓာတ်ရရှိမှုတို့အရ ကုလားပဲနှင့် ပဲနီလေးတို့အား စိုက် ပျိုးထားရှိမှုမှာ ကောင်းမွန်သည့် အနေအထားရှိပြီး အထွက် တိုးတက်မည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယ စားနပ်ရိက္ခာ ရေးရာဝန်ကြီးဌာနက မကြာသေးမီက ပြောကြားထားသည်။
အစိုးရကခွင့်ပြုထားသည့် စားတော်ပဲဝါများ အကောက် ခွန်လွတ် တင်သွင်းခွင့်ကာလသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ကုလားပဲအား အကောက်ခွန် လွတ် တင်သွင်းခွင့်မှာမူ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
လက်လီဈေးကွက်အတွင်း ပဲခွဲခြမ်းများ၏ ဈေးနှုန်းများ အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိစေရေးအတွက် အစိုးရ သည် ဘာရတ်အမှတ်တံဆိ် ဖြင့် ကုလားပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့အား ရောင်းချပေးခြင်းကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အိန္ဒိယ လက်လီရောင်းချသူများ အသင်း၊ လက်လီအရောင်းကွင်းဆက် လုပ်ကိုင်သူများနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ စီမံဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဲမျိုးစုံ၏ စားသုံးသူဈေးဆနှုန်းကိန်း ဖောင်းပွမှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၁၉ ဒသမ ၅၄ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃ ဒသမ ၈၃ ရာခိုင်နှုန်းသို့ ကျဆင်းလာ ခဲ့သည်ဟု အစိုးရက မကြာသေးမီကာလအတွင်း ထုတ်ဖော် ပြောကြားထားခဲ့သည်။
Source: The Hindu Business Line
UNAL, DOCA