Main menu

Background

၂၀၂၅ ခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဘတ် ၃ ထရီလီယံရရှိရန် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ ရည်မှန်း

Wed, 02/05/2025 - 11:47 -- journal_editor

အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် ရုရှား အစရှိသည့် တိုးတက်လာသည့် ဈေးကွက်များကြောင့်  ထိုင်းနိုင်ငံခရီး သွားအာဏာပိုင်အဖွဲ့ TAT) သည် ယခုနှစ်တွင် ခရီးသွားကဏ္ဍမှတစ်ဆင့် ဝင်ငွေ ဘတ် ၃ ထရီလီယံရရှိရန်ခန့်မှန်း ထားကြောင်း ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်ချက်အရ သိရသည်။  TAT၏ အုပ်ချုပ်ရေးမှူးThapanee Kiatph- aibool က ဘတ် ၂ ထရီလီယံကို ပြည်ပ ခရီးသွား ၃၉-၄၀ သန်းထံမှ ရရှိပြီး ဘတ် ၁ ထရီလီယံအား ပြည်တွင်းခရီး စဉ် ၂၀ဝ-၂၂၀ သန်းထံမှ ရရှိရန် မျှော် လင့်ရကြောင်း ပြောကြားခဲ့သည်။ 
ထိုအလားအလာရှိသည့် ဈေး ကွက်များတွင် စုစုပေါင်း လည်ပတ်မှု၏ ၃၀ ရာခိုင်နှုန်းရှိသည့်  အရှေ့တောင် အာရှ  အထူးသဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားတို့  ပါဝင်ကြောင်း သိရ သည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် မလေးရှားခရီးသွား စံချိန်တင် ၄ ဒသမ ၉ သန်း ရရှိခဲ့ပြီး  ၂၀၂၅ ခုနှစ်တွင်TAT သည် မလေးရှားနှင့် ထိုင်းနိုင်ငံတို့အား လေယာဉ်နှင့် ကုန်းလမ်းခရီးဖြင့် လာ ရောက်သည့် နည်းလမ်းအပြင် ရထား နှင့် သင်္ဘောတို့ဖြင့် ခရီးသွားလာမှုကို မြှင့်တင်ရန်  စီစဉ်နေကြောင်း သိရ သည်။Bangkok-Johor Bahru  အစရှိ သည့် တိုက်ရိုက်လေကြောင်းလိုင်းသစ် များသည်  မလေးရှား ဈေးကွက်အား  ပိုမိုအားကောင်းစေနိုင်ကြောင်းMs Thapanee  ကပြောကြားခဲ့သည်။ အင်ဒို နီးရှားသည်လည်း ၎င်းတို့၏ များပြား သည့် လူဦးရေ သန်း ၂၇၀ ကြောင့် အလားအလာရှိသည့် အခြားဈေးကွက် တစ်ခုဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်က ပထမဆုံးအနေဖြင့် လာရောက် လည်ပတ်မှု တစ်သန်းကျော်ခဲ့သည့် ထိုင်ဝမ်နှင့် ၂၀၂၄ ခုနှစ်က လည်ပတ်မှု ၁ ဒသမ ၈ သန်းကျော်ခဲ့ပြီး ယခုနှစ်တွင် နှစ်သန်းကျော် လာရောက်လည်ပတ်နိုင် သည့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင် သည်။ အေဂျင်စီသည် နှစ်နိုင်ငံကြား လေကြောင်းလိုင်းများ  များပြားလာမှု ကြောင့် အိန္ဒိယနိုင်ငံထံမှ  ခရီးသွား ၂ ဒသမ ၃-၂ ဒသမ ၅ သန်း လာရောက် လည်ပတ်ရန်  ရည်မှန်းထားကြောင်း လည်း သိရသည်။ ၂၀၂၄ ခုနှစ်က လည် ပတ်မှု ၁ ဒသမ ၇ သန်းရှိခဲ့သည့် ရုရှား မှာ ဥရောပမှ အဓိကထိပ်တန်းဈေးကွက် တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ၁၀ ရာခိုင် နှုန်း မြင့်တက်ရန် မျှော်လင့်ရကြောင်း သိရသည်။ 
၂၀ ရာခိုင်နှုန်းကျော်ထိ ကြီးထွား လာနိုင်သည့် အခြားဈေးကွက်များမှာ အရှေ့အလယ်ပိုင်း‌‌ဒေသနှင့် ကာဇက် စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ သို့သော် သဘာဝဘေးအန္တရာယ်များနှင့် ပထဝီနိုင်ငံရေးကိစ္စရပ်များ ပါဝင်သည့် ထိန်းချုပ်၍ မရသည့် အကြောင်းအရာ များနှင့်  စိန်ခေါ်မှုများ ရှိနေသေး ကြောင်း သိရသည်TAT  သည် မတ်လ တွင် ဥ‌ရောပ၏ အကြီးဆုံးခရီးသွားပြပွဲ များထဲမှ တစ်ခုဖြစ်သည့်ITB Berlin 2025 တွင် ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။ 
ယခုနှစ်တွင်TATသည် ဥရောပ ဈေးကွက် မထိုးဖောက်ဖူးသည့် ခရီး သွားလုပ်ငန်းရှင် ၂၀ ကို ဈေးကွက်မဟာ ဗျူဟာများ လေ့ကျင့်သင်ကြားပေးကာITB တွင် Booth ငှားခပေးစရာမလိုဘဲ ပထမဆုံးအနေနှင့်   ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ရန်အလိုရှိကြောင်း သိရသည်။

Bangkok Post
မြသူ (DOCA-YGN)