Main menu

Background

စင်ကာပူ၏ ပင်လယ်စာဈေးကွက်တွင် ထိပ်ဆုံး ငါးနေရာ၌ ရပ်တည်ခဲ့သည့် ဗီယက်နမ်

Wed, 02/05/2025 - 12:03 -- journal_editor

ဈေးကွက်တွင် ယှဉ်ပြိုင်မှုများပြင်းထန်သော်လည်း ဗီယက်နမ် သည် ၂၀၂၄ ခုနှစ်တွင် စင်ကာပူသို့ စတုတ္ထအကြီးဆုံး ပင်လယ်စာ တင်ပို့သူအဖြစ် ဂျပန်ကိုကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ကြောင်း Vietnam Plus  သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်တွင် စင်ကာပူသည် စင်ကာပူဒေါ်လာ ၁ဒသမ၁၇ ဘီလီယံ တန်ဖိုးရှိသော ပင်လယ်စာများကို နိုင်ငံနှင့် ဒေသပေါင်း ၁၀ဝ နီးပါးမှ တင်သွင်း ခဲ့ကြောင်း သိရသည်။ စင်ကာပူ ဈေးကွက်ကို လွှမ်းမိုးထားသည့် အဓိကပင်လယ်စာ ထုတ်ကုန်များတွင် စုစုပေါင်း စားသုံးမှု၏ ၂၃ဒသမ၇၄ ရာခိုင်နှုန်းရှိသော ပုစွန်နှင့် ကဏန်း၊ ၁၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိသော အေးခဲငါး၊ ၁၈ ဒသမ ဝ၈ ရာခိုင်နှုန်းရှိ သော လတ်ဆတ်သောငါး၊ ၁၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိသော ငါး အသားပြားများနှင့် ၁၁ ဒသမ ၂၉ ရာခိုင်နှုန်းရှိသော ကမာတို့ပါဝင် ကြောင်း သိရသည်။ 
အခြားအမျိုးအစားများဖြစ်သည့် လတ်ဆတ်သောငါး၊ ပြုပြင် ထားသောငါးနှင့် ရေထွက်ကုန်တို့မှာ ဈေးကွက်ဝေစု၏ ၃ ဒသမ ၃၆ ရာခိုင်နှုန်း၊ ၅ ဒသမ ဝ၄ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၇၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ စင်ကာပူသို့ ထိပ်တန်းပင်လယ်စာ တင်ပို့သူ ၁၅ နိုင်ငံတွင် မလေးရှားက ဈေးကွက်ဝေစု၏ ၁၂ ဒသမ ၉၈ ရာခိုင် နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး အင်ဒိုနီးရှားက ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်း၊ နော်ဝေက ၁၀ ဒသမ ၁၆ ရာခိုင်နှုန်း၊ တရုတ်က ၉ ဒသမ ၉၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ်က ၉ ဒသမ ၆၈ ရာခိုင်နှုန်းတို့ဖြင့် ရပ်တည်နေကြောင်း သိရသည်။ 
၂၀၂၄ ခုနှစ်တွင ်ဗီယက်နမ်၏ စင်ကာပူသို့ ပင်လယ်စာတင် ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၁၁၃ဒသမ၃၇ သန်း နီးပါးဖြင့် ၂၀၂၃ ခုနှစ်ကထက် ၄ ဒသမ ၉၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ခရု၊ ကမာတင်ပို့မှုမှာ ၁၁၇ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သော် လည်း လတ်ဆတ်သော ငါး၊ အေးခဲငါးနှင့် ရေထွက်ကုန်တင်ပို့မှုမှာ ၄၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ၃၀ဒသမ၁ ရာခိုင်နှုန်းနှင့် ၃၁ ဒသမ ၈၂ ရာခိုင်နှုန်း အသီးသီး စံချိန်တင်ကျဆင်းခဲ့ကြောင်း သိရသည်။ 
စင်ကာပူရှိ ဗီယက်နမ်၏ ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ် Cao Xuan Thang က ဈေးကွက်အတွင်း ဗီယက်နမ်၏ အရေးပါ သော အခန်းကဏ္ဍကို အသားပေးပြောကြားပြီး ၎င်းတို့၏ဈေးကွက် ဝေစုနှင့် တင်ပို့မှုတန်ဖိုး တည်ငြိမ်စွာမြင့်တက်ရန်အတွက် ဗီယက်နမ် သည် ထုတ်ကုန်အရည်အသွေး ဆက်လက်မြှင့်တင်ရန်၊ ထောက်ပံ့ ပို့ဆောင်ရေး အားသာချက်ကိုအသုံးချနိုင်ရန်နှင့် ကုန်ကျစရိတ်များ လျှော့ချရန်လိုအပ်ကြောင်းThang  က ပြောကြားခဲ့သည်။

Vietnam Plus, (DOCAYGN)