Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ ဆေးရွက်ကြီး ထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိ

Wed, 02/05/2025 - 12:06 -- journal_editor

၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆေးလိပ်အရွက် Tobacco Leaf))၊ ဆေးရွက်ကြီး ပြည်တွင်းထုတ်လုပ်မှု မြင့် တက်လာဖွယ်ရှိကြောင်း၊ ၂၇-၁-၂၀၂၅ ရက်က ကျင်းပခဲ့သည့် 2nd International Tobacco Summit တွင် ဖိလစ်ပိုင် အမျိုး သား ဆေးရွက်ကြီးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ National Tobacco Admistration-NTA  တွင် ပြောကြားခဲ့သည်။ 
ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ဆေးရွက်ကြီး ထုတ်လုပ်မှုမှာ ၄၂၂၄၈ ဒသမ ၅၂ မက်ထရစ်တန်ရှိခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် ၄၅၄၀၁ ဒသမ ၁၄ မက်ထရစ်တန်သို့ တိုးမြင့်ထွက်ရှိခဲ့သည်။ ၂၀၂၅ ခုနှစ် တွင်လည်း ၄၅၅၇၉ ဒသမ ၈၄ မက်ထရစ်တန် ထုတ်လုပ်ရရှိ နိုင်မည်ဟု ခန့်မှန်းထားရှိသည်။ 
၂၀၂၅ ခုနှစ်အတွင်း ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ အဓိကအကြောင်းအချက်များမှာ  အချို့သော  တောင်သူ များသည် သက်ဆိုင်ရာ  ပြည်နယ်အစိုးရများ၏ အားပေး ကူညီမှုများကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှုဘက်ကို ပြောင်း ရွှေ့စိုက်ပျိုးလာကြကြောင်း ဖော်ပြပါရှိသည်။ 
၂၀၂၄ ခုနှစ်အတွင်း ဗာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်သည့်တောင်သူဦးရေ ၁၄၃၅၀၊ ဘာလီ (Burley) ) မျိုးစိုက်ပျိုးသူ ၆၀ဝ၁ ဦးနှင့်Native Variety  စိုက်ပျိုးသူ ၂၂၇၀၇ ဦးတို့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ 
သို့ရာတွင် ဗာဂျီးနီးယားဆေးရွက်ကြီး  စိုက်ပျိုးသည့် ဧရိယာမှာ ၂၀၂၃ ခုနှစ်က ၁၀ဝ၃၁ ဟက်တာရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၉၈၅၃ ဟက်တာသို့ ကျဆင်းခဲ့သည်ကို တွေ့ရှိရပြီး တစ်ဖက်တွင်လည်း  ဘာလီမျိုးစိုက်ပျိုးသည့်ဧရိယာမှာ ၂၀၂၃ ခုနှစ်တွင် ၁၂၀၅၆ ဟက်တာရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၂၉၇၈ ဟက်တာသို့ မြင့်တက်ခဲ့သည်။ 
ပြည်တွင်း ဆေးရွက်ကြီး ပြည်တွင်းဝယ်ယူမှုဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် တစ်ကီလိုလျှင် ၁၃၇ ဒသမ၃၂ ပီဆိုမှ ၂၀၂၄ ခုနှစ်တွင် တစ်ကီလိုလျှင် ၁၂၉ ဒသမ ဝ၄ ပီဆိုသို့ ကျဆင်းခဲ့ သည်။ ၂၀၂၅ ခုနှစ်တွင် တစ်ကီလိုလျှင် ၉၉ ဒသမ ၇၈ ပီဆိုထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ကေသွယ်ခိုင် (စီးပွားရေးသံမှူး)