ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ဝင်ငွေ သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရရှိရန်ရည် ရွယ်ထားပြီး ၂၀၂၄ ခုနှစ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့ မှုမှာ ဒေါ်လာ ၇ဒသမ၁ ဘီလီယံရှိကြောင်း ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်ကို ကိုး ကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကုန်သွယ်ရေးတင်းမာမှုများနှင့် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ သည် ၂၀၂၅ ခုနှစ်တွင် လယ်ယာပို့ကုန်အတွက် အဓိကစိန်ခေါ်မှုများ ဖြစ်နိုင်သော်လည်း ဒေါ်လာ ၈ ဘီလီယံရောက်ရှိရန်ဟူသော ပို့ကုန် ပစ်မှတ်သည် အဓိကဈေးကွက်များတွင် ၎င်းတို့၏ စီးပွားရေးတိုးချဲ့မှု နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်နေကြောင်း အသင်းဥက္ကဋ္ဌNguyen Thanh Binh မှ ပြောကြားခဲ့သည်။
စီးပွားရေး လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေး မြှင့် တင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အလေးထား ဆောင်ရွက် သင့်ပြီး နှစ်နိုင်ငံဘက်စုံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီ ချက်များကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၇ဒသမ၁ ရာခိုင် နှုန်း တိုးလာခဲ့ပြီး ဝင်ငွေဒေါ်လာ ၇ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်ထုတ်ကုန်များသည် အဓိကဈေးကွက်များတွင် ၎င်းတို့၏ တည်ရှိမှုမှာ သိသိသာသာ အားကောင်းလာကာ တရုတ် ဈေးကွက်တွင်လည်း တတိယနေရာမှ ဒုတိယနေရာသို့ တက်လာကာ အမေရိကန်တွင် ၃၀ ရာခိုင်နှုန်းကျော်နှင့် ထိုင်းနိုင်ငံတွင် ၈၀ ရာခိုင် နှုန်းကျော်အထိ သိသိသာသာ တိုးတက်မှုရှိကြောင်း ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
Source : Xinhua
ဟန်ကိုကျော် (DOCAYGN)