ကင်ညာနိုင်ငံသည် ၎င်း၏ ဥရောပနှင့် မြောက်အမေရိကရှိ ကော်ဖီ တင်ရောင်းချမှု ဈေးကွက်အား ကွဲပြားစေရန်နှင့် ပို့ကုန်ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်ကကျင်းပသော ွှ့န ဗ်မငခေ The Africa Coffee Trade Fair 2025 တွင် အာရှဝယ်လက် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံခဲ့သည်။ တစ်ရက်တာကျင်းပသော အဆိုပါပွဲတွင် ကင်ညာနိုင်ငံမှ ထုတ်လုပ်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တရုတ်နှင့် တောင်ကိုရီးယားမှ ကော်ဖီတင်သွင်းသူ ၅၀ ကျော်ကိုခေါ်ယူ ခဲ့သည်။ ကင်ညာ အမျိုးသား စာရင်းအင်းဗျူရို၏ မကြာသေးမီက စာရင်း ဇယားများအရ ကင်ညာနိုင်ငံ၏ ကော်ဖီတင်ပို့မှုကဏ္ဍသည် နိုင်ငံ၏စီးပွား ရေးအတွက် အရေးပါသောအခန်း ကဏ္ဍမှပါဝင်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ကင်ညာနိုင်ငံသည် ကော်ဖီတန်ချိန် ၄၈၆၄၈ တန် ထုတ်လုပ်ခဲ့ကာ တင်ပို့မှုမှ အမေရိကန် ၂၅၁ ဒသမ ၈၆ သန်းရရှိ ခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံ သည် လက်ဖက်ပန်းမန်များနှင့်အတူ ကော်ဖီတင်ပို့မှုမှ နိုင်ငံခြားငွေ အဓိက ရရှိနေခြင်းဖြစ်သည်။
အာရှဈေးကွက်များ သို့တိုးချဲ့ခြင်းသည် ကင်ညာ ကော်ဖီသမားများ၏ လက်ရှိ ကင်ညာကော်ဖီ ၇၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေသည့် မြောက် အမေရိကနှင့် ဥရောပတို့အပေါ် ၎င်းတို့၏ မှီခိုအားထားမှုကို လျှော့ချရန် ကူညီ ပေးလိမ့်မည်ဖြစ်ကြောင်း နိုင်ရိုဘီကော်ဖီအိတ်ချိန်း၏ အမှုဆောင် အရာရှိချုပ်Lisper Ndungu က မှတ်ချက်ပြုခဲ့သည်။ အာရှတွင် လူလတ် တန်းစားများ တိုးပွားလာမှုသည် လယ်သမားများအား ၎င်းတို့၏ကော်ဖီ ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် ၁၉၈၉ ခုနှစ်က တန်ချိန် ၁၃၀ဝ၀ဝ ဖြင့် ထုတ် လုပ်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ကဏ္ဍကိုပြန်လည်အသက်ဝင်လာ အောင် တွန်းအားပေးရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း Lisper Ndungu က ဆက်လက်ပြောကြားခဲ့သည်။
African Fine Coffee Association ၏ ဒုတိယဥက္ကဋ္ဌ ု Karuga Macharia uifnmonf e-commerce ပလက်ဖောင်းများနှင့် ဒေသတွင်း အထူးကော်ဖီပြပွဲများမှတစ်ဆင့် တိုက်ရိုက်ရောင်းချမှုကို မြှင့်တင်ခြင်းဖြင့် ကင်ညာသည် အာရှဈေးကွက်ကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ရန် အကြံ ပြုခဲ့သည်။
Source : Xinhua, DOCAYangon