ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သနး် ကျော် တင်ပို့ရန် စီစဉ်ထားပြီး အများစုမှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒေသတွင်း ဆန်တန်ချိန် ၂၄ သန်းခန့် ထွက်ရှိရန်လည်း မျှော်မှန်းထားကြသည်။ ပထမနှစ်ဝက်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄ ဒသမ ၅၃ သန်းခန့်တင်ပို့မည်ဖြစ်ပြီး ကျန်တန်ချိန် သုံးသန်းအား ဒုတိယနှစ်ဝက်တွင် တင်ပို့မည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် ဆန်စပါးအထွက်နှုန်းအထွတ်အထိပ်သို့ ရောက်ရှိရန် မျှော်မှန်းထားပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆန်တင်ပို့မှုမြှင့်တင်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်ဟတ်တာ ခုနစ်သန်း စိုက်ပျိုးမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်ကထက် ၁၃၂၀ဝ၀ လျော့နည်းမည်ဟု ခန့်မှန်းထားကြသည်။ နိုင်ငံ၏ ဆန်အထွက်နှုန်းမှာတန်ချိန် ၄၃ ဒသမ ၁ သန်းရှိကြောင်း သိရသည်။
Source : Xinhua, [efudkausmf (DOCAYGN)