Main menu

Background

ဗီယက်နမ်၏ ပုစွန်တင်ပို့မှု ဆက်လက်ကောင်းမွန်နေ

Wed, 04/09/2025 - 11:52 -- journal_editor

၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်၏ ပုစွန်တင်ပို့မှုသည် အထင်ကြီးဖွယ် ကြံ့ကြံ့ခံနိုင်စွမ်းပြသနေပြီး ပင်လယ်စာလုပ်ငန်း နယ်ပယ် တွင် အဓိကပို့ကုန်အဖြစ် ၎င်းတို့၏ တည်ရှိမှုကို အခိုင်အမာ ပြသနေ ကြောင်း သိရသည်။ 
၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်သည် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဒသမ၄ ဘီလီယံ ရရှိ ခဲ့ပြီး ထိုတန်ဖိုးထဲမှ အမေရိကန် ဒေါ်လာ ၅၄၂ သန်းသည် ပုစွန်တင်ပို့မှုမှ တစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာ တင်ပို့သူများ နှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရ သိရသည်။ ထိုသို့ ပုစွန်တင်ပို့မှုဆက်လက်အားကောင်းခြင်းသည် လွတ်လပ်သော ကုန် သွယ်ရေးသဘောတူ ညီချက်များ (FTA) ကို   ဗီယက်နမ်က ထိရောက် စွာ အသုံးချနိုင်မှု၊ မဟာဗျူဟာမြောက်ဈေးကွက်တိုးချဲ့မှုနှင့် စနစ်ကျစွာ ပြုပြင်ထုတ်လုပ်ခြင်းအားဖြင့် တန်ဖိုးမြင့်ထုတ်လုပ်မှု မြင့်တက်လာခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။ 
ဗီယက်နမ်၏ နိုင်ငံ ၆၀ ကျော်နှင့် FTA   ကွန်ရက်များကလည်း ပင်လယ် စာလုပ်ငန်းများ နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖန်တီးရာတွင် အဓိကကျခဲ့ကြောင်း သိရ သည်။VASEP၏ အတွင်းရေးမှူးချုပ်Nguyen Hoai Nam က ဗီယက်နမ် ၏ ပင်လယ်စာသည် ယခုအခါ ကမ္ဘာပေါ်ရှိ ဈေးကွက်ပေါင်း ၆၀ ကျော်သို့ ရောက်ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ သိသာထင်ရှားသော သဘော တူညီချက်များတွင်ပါဝင်သည့် ဗီယက်နမ်-ဥရောပသမဂ္ဂလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ဥရောပသမဂ္ဂသို့ ပုစွန်တင်ပို့မှု တိုးချဲ့ရန် တည်ငြိမ်သောအလားအလာကို ပိုင်ဆိုင်ထားသည်ဟု ကျွမ်း ကျင်သူများက ယုံကြည်လျက်ရှိကြောင်း သိရသည်။ ဥရောပသမဂ္ဂသည် ကမ္ဘာ့အကြီးမားဆုံး ပင်လယ်စာ စားသုံးသူဖြစ်သော်လည်း ထိုဈေး ကွက် တွင် ဗီယက်နမ်၏ ဈေးကွက်ဝေစုသည် အတော်အသင့် သေးငယ်သေး သည့်အတွက် အနာဂတ်တွင် သိသာထင်ရှားစွာ ကြီးထွားရန် အလား အလာများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ 
ဗီယက်နမ် ပုစွန်အတွက် ခြောက်ခုမြောက်  အကြီးမားဆုံးတင်ပို့ရာ ဈေးကွက်ဖြစ်သည့် ယူကေသည်လည်း စုစုပေါင်းဝင်ငွေရရှိမှု၏ ၅ဒသမ၅ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ဇန်နဝါရီလတင်ပို့မှုမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယူအေအီးနိုင်ငံနှင့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည့် ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက်သဘောတူညီချက်သည် အရှေ့အလယ် ပိုင်းဒေသသို့ ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှုအတွက် အခွင့်အလမ်းသစ် များ ဖွင့်လှစ်ပေးနိုင်ကြောင်း သိရသည်။ 
Sao Ta Food Joint Stock Company ၏ ဥက္ကဋ္ဌ ဖြစ်သူHo Quoc Luc  က စီးပွားရေးလုပ်ငန်းများ၏ အားထုတ်မှုနှင့် FTA  များ၏ ပံ့ပိုးမှု ကြောင့် ဗီယက်နမ်ပုစွန်သည် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ ကဲ့သို့သော ကမ္ဘာ့အဓိက ဈေးကွက်များတွင် အားကောင်းစွာ တည်ရှိနေ ကြောင်း သိရသည်။ သို့သော် ဈေးကွက်သစ်များ တိုးချဲ့ ရာတွင် စိန်ခေါ်မှု များရှိလာကြောင်VASEP က ထောက်ပြခဲ့သည်။ 
ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် အီကွေဒေါ၊ အိန္ဒိယနှင့် ထိုင်း အစရှိသည့် ထိပ်တန်း ပုစွန်ထုတ်လုပ်သည့် နိုင်ငံများထံမှ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။ ထို့ပြင် အမေရိကန်နှင့်  ဥရောပသမဂ္ဂကဲ့သို့သော အဓိကဈေးကွက်များတွင် အရည်အသွေး ထိန်းချုပ်မှုနှင့် စံနှုန်းနှင့် ပတ်သက်သည့် တင်းကျပ်သည့် စည်းမျဉ်းများ အား ပြည်တွင်းလုပ်ငန်းများက အလိုက်သင့်ချိန်ညှိနိုင်ရန် လိုအပ်ကြောင်း သိရသည်။ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ဗီယက်နမ် ပုစွန်တင်ပို့မှုသည်  ထုတ်ကုန် အရည်အသွေး တိုးမြှင့်ခြင်း၊ တန်ဖိုးမြှင့်   ပြုပြင်ထုတ်လုပ်ခြင်းကိုမြှင့်တင်ခြင်းနှင့် တင်းကျပ်သော ဈေးကွက်လိုအပ် ချက်များကို လိုက်နာခြင်းတို့အပေါ် အဓိက အာရုံစိုက်သင့်ကြောင်း သိရ သည်။  စက်မှုနှင့်  ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း ဗီယက်နမ် ပင်လယ်စာအတွက် ပို့ကုန်လမ်းကြောင်းသစ်များ  ဖွင့်လှစ်ပေးနိုင်ရန် နည်းပညာ အတားအဆီးများ ဖယ်ရှားရန်နှင့် အကောက်ခွန် လျှော့ချရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Source- Vietnam Plus
(DOCA-YGN)